အတ္တဆန်သော ချစ်ခြင်း မှ သည် - 3
S E L F I S H L O V E
CHANGING
သည်းခံပါ
တစ်ခြားတစ်ဖက်ကနေ ထိုသူကို အနိုင်ယူပါ
ငြိမိနေခြင်းဟာ ကြောက်ရွံ့  ခြင်းမဟုတ်ပါ တဲ့No!
အခုထဲက ပြောထားမယ်
ကျနော်ဟာ အဲ့လို လူစားမျိုးမဟုတ်ဘူး
ရန်ကို ရန်ချင်းပြန်တုံ့ ပြန်ရတာကို ပိုသဘောကျမိတယ်▪▪▪▪▪▪▪▪▪▪▪▪▪
* ကျနော့်ရဲ့ ချစ်လှစွာသော ကလေးငယ်
သူ့ကြောင့် မပြောလေနှင့်
တစ်ပါးသူမျက်ရည်ကျတာကိုပင် မကြည့်ရက်နိုင်လေသော
အပြစ်ကင်းလွန်းတဲ့ ကလေးငယ်မျက်လုံးကျဉ်းကျဉ်းလေးတွေ ပျောက်ကွယ် သွား သည် အထိ ပြုံးရီကာ lover seat မှာ လိုက်ပါ လာခဲ့တယ်
ဘယ်လောက်ထိဘဲ ကျနော် ဟာ သောင်းကျန်းသူ ဖြစ်ပါစေ
ကလေးငယ်နဲ့ အတူ သွားနေရသည့် ခရီးမို့
ကားကို ပုံမှန်အတိုင်းသာ မောင်းနှင် လာမိတယ်ရုတ်ချည်း ဆို သလို အရှိန်ပြင်းစွာ မြင်ကွင်းထဲ ပြေးဝင်လာတဲ့ ကားအနီလေး ရယ်
အကြောက်လန့်တကြီး အော် ဟစ်လိုက်တဲ့ သူ့ အသံ သေးသေးလေးရယ်
ရှောင်ဖယ်လို့ မလွတ်တဲ့ အဆုံး သူ့ ခန္ဓာလေးကို တင်းကြပ်စွာ ပွေ့ဖက်ထားရင် ကာထားပေးမိတယ်
တစ်ခဏအကြာမှာဘဲ
ပွေ့ဖက်ထားတဲ့ သူ့ ခန္ဓာကိုယ်လေးဟာ နီရဲနေတဲ့ သွေး အပြည့် ဖြင့် ငြိမ်သက်လို့နေလေရဲ့*မဟုတ်ဘူး ဒါ အမှန် မဟုတ်ဘူး
ကျနော် သေချာပေါက် ကာကွယ်ပေးခဲ့တာ
မဖြစ်ရဘူး ဒီလို မဖြစ်ရဘူးလေ *ဒါကတော့ တစ်နေ့တာ ကို အိမ်မက်ဆိုးများနဲ့ နိုးထလာတဲ့ kim nam joon ဖြစ်လို့နေလေရဲ့
စားပွဲပေါ်က တင်ထားတဲ့ နာရီ အသေးလေးဟာ နံပါတ် ကိုး ကို ညွှန်ပြနေပြန်တယ်