Bad Baby KUMIHO
......................."ဂျီမင် ဖိနပ်စီးထား "
"ဂျီမင် ရေတွေမဆော့နဲ့ "
"ဂျီမင် ပြတင်းပေါက်နားမှာ မနေနဲ့
နေမကောင်းဖြစ်မယ် ""ဂျီမင်ရေ..."
"ဂျီမင်ရေ..."
တိုင်းရင်းဆေးဆရာကြီး မင် ရဲ့ အိမ်မှာ
လွန်ခဲ့တဲ့နှစ်တွေအတွင်း ပုံမှန်ကြားနေရတဲ့ အသံတွေပင် ဖြစ်သည်အသက်ခပ်လတ်လတ်သာ ရှိသေးသည့် ကောင်လေးတစ်ယောက် က သူ၏ အသဲတုံး လေး ဖြစ်သည့် ပေါက်စလေးကို အော်ပြောနေရခြင်းဖြစ်သည်
မနက်ကထဲ က ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိတဲ့ ကြောင်တစ်ကောင်နဲ့
တစ်အိမ်လုံးကို ပတ်မွှေနေတဲ့ အသေးလေးလူက ဧည့်ခန်းထဲမှာ အသိ အကို ဖြစ်တဲ့ Seok Jin နဲ့ အတူဖွင့်ထားတာ မကြာသေးတဲ့ cafe ဆိုင်လေး အကြောင်းတိုင်ပင်နေတာ
အာရုံတွေက နောက်က ပေါက်စလေးဆီမှာ
'ဒုန်း..... ခွမ်း....'
ဆူဆူညံညံအသံတွေလာရာ မီးဖိုခန်းထဲ ပြေးကြည့်မိတော့
အစီလိုက် ထပ်ထားတဲ့ အိုးတစ်ချို့ဟာ ကြမ်းပြင်ပေါ်မှာ
ဖင်ကော့ရင်ကော့ကာအမြီးတစ်ထောင်ထောင်နဲ့ ထွက်သွားပြီ ဖြစ်တဲ့ ဟို အမွှေးထူထူ သတ္တဝါ
စားပွဲအောက်မှာ ဘာကို ကုန်းရှာနေမှန်းမသိတဲ့ပေါက်စ
"ဂျီမင်
ဘာတွေမွှေနေပြန်ပြီလဲ "ဒုန်းခနဲ ထပ်မံထွက်လာတဲ့အသံနဲ့ အတူ
ပေါက်စရဲ့ အသံသေးသေးလေး"အာ ..လာ.. လား..."
ကုန်းထ လိုက်တာကြောင့် စားပွဲခုံနဲ့ ပေါက်စခေါင်း မိတ်ဆက်သွားခြင်းပင်
နာသွားတဲ့ ခေါင်းလေးကို တစ်ချက်ပွတ်ရင်း
ကြမိးပြင်ပေါ်မှာ ဆက်ထိုင်နေလေရဲ့