Zawgyi
Yibo ခေါင်းထဲ Cheng Xing ကို မျက်ခြေဖြတ်ဖို့ပဲ ကြီးစိုးနေတာကြောင့် ဘေးက ဆွဲမိဆွဲရာ ကားတံခါးကိုဆွဲရင်း ပွင့်လာတာကြောင့် ဝင်ထိုင်မိလိုက်စဉ်
" ဘယ်သူလဲ ဘယ်သူမို့လို့ ဒီထဲကိုဝင်လာတာလဲ "
ကြားလိုက်ရတဲ့အသံကြောင့် ဘေးကိုလှည့်အကြည့်
ဟင် မှည့်နက်လေး
" ရှူး ခဏလေးပါ ငါ ပြီးရင်ပြန်ထွက်မှာပါ
ခဏလေးပဲ ငါ့သူငယ်ချင်းကို ပုန်းချင်လို့ "Yibo တစ်ယောက် ပြုံးပြရင်း ခွင့်တောင်းသလို ကြည့်လိုက်တော့ မှည့်နက်လေးက သူ့ကိုမျက်မှောင်ကျုံ့၍ ကြည့်လာသည်
သူအခုမှ သတိထားမိသည်
မှည့်နက်လေးက မျက်မှန်လေး တပ်ထားကာ လက်ထဲမှာ စာအုပ်တစ်အုပ်ကို ကိုင်ထားသည်
ကြည့်ရတာ စာဖတ်နေတုန်း သူဝင်လာမိသည် ဖြစ်ရမည်
စာအုပ်ကို ဖြတ်ကနဲ လှမ်းကြည့်လိုက်မိတော့ နာမည်ကို မတွေ့ရပေမဲ့ Third Year ဆိုတဲ့စာလုံးလေးကိုတော့ သူတွေ့လိုက်ရသည်ဒါဆို ဒီလူက သူ့ထက် ၂ နှစ်တောင် ကြီးသည်ပဲ
ဒါပေမဲ့ သူဘာလို့ဒီလောက်နုရတာလဲ
စတွေ့ကတည်းက သူသေချာပေါက် သူ့ထက်ကြီးမည်လို့တော့ မထင်ခဲ့တာအမှန်" မင်းကိစ္စပြီးရင် မြန်မြန်သွားတော့ ငါ့ကိုမနှောင့်ယှက်နဲ့ "
သူ့အတွေးထဲမှာ နစ်မြုပ်နေတုန်း မှည့်နက်လေးရဲ့ ခပ်ပြတ်ပြတ်စကားကြောင့် သူ လက်ရှိအခြေအနေသို့ ပြန်ရောက်လာသည်
" အင်း ကူညီပေးတာ ကျေးဇူးပဲ "
Yibo ဟိုကြည့်ဒီကြည့်နဲ့ Cheng Xing မရှိတော့တာ သေချာမှ ကားထဲက ထွက်လာခဲ့သည်
Wang yibo ဆိုသည့်သူက သူစိမ်းတွေနဲ့သာ စိတ်ပေါက်ရင် ပေါက်သလို ချေတာမျိုးရှိချင်ရှိမယ်
တကယ်တမ်း ပြောမနာ ဆိုမနာ Cheng Xing တို့လို သူငယ်ချင်းတွေနဲ့ဆို အခွက်ပြောင်ပြီး မွှေချက်က ဘုရားတောင် တရလောက်သည်
YOU ARE READING
Falling In Love With Black Mole
Fanfictionအရာရာဖြစ်လွယ်လွန်း ပျက်လွယ်လွန်းတဲ့ကြားမှာ ကျွန်တော်ကတော့ ကိုကို့ကို ထာဝရထွေးပွေ့ကာကွယ်နိုင်သူ ဖြစ်ပါရစေ ... Wang Yibo × Xiao Zhan Fan Fiction