Zawgyi
Yibo ဒီရက်ပိုင်းအတွင်း ဆိုင်ကယ်ပြိုင်ပွဲတွေ ဆက်တိုက် ဝင်ပြိုင်ဖြစ်သည်
ပြိုင်ပွဲမှ ဆုကြေးငွေတွေက တစ်ယောက်သောသူအတွက်ဟု တွေးလိုက်မိလျှင် သူမောရသမျှ ပင်ပန်းရသမျှ ချက်ချင်းအမောပြေသွားသလိုပင်
ဖြစ်နိုင်ရင် သူ မှည့်နက်လေးကို ဘာမှမလုပ်စေချင်
အေးချမ်းစွာ စာပဲသင်စေချင်သည်နောက်နှစ်ဆိုလျှင်ပဲ နောက်ဆုံးနှစ်ကျောင်းသားဖြစ်တော့မည့် မှည့်နက်လေးအတွက် စာကိုပဲအာရုံစိုက်စေချင်သည်
Yibo ဆိုင်ကယ်ပြိုင်ပွဲတွေ တစ်ခုပြီးတစ်ခု ဝင်ပြိုင်သည့်အပြင် Club တစ်ခုတွင်လည်း ညဘက်ပိုင်း အလုပ်ဝင်ဖြစ်နေသည်
တစ်ခါတစ်လေ club မှာ သူဝါသနာပါသော အကဖြင့်လည်း ဖျော်ဖြေဖြစ်တာမျိုးရှိသည်
နေ့ခင်းပိုင်းတွင် ကျောင်းတက်ပြီး ညဘက်ပိုင်းတွင် အလုပ်လုပ်ရသဖြင့် ညလုံးပေါက်ဂျူတီရှိသောနေ့များတွင် အိပ်ရေးပျက်ရသော်လည်း မှည့်နက်လေး၏ မျက်နှာမြင်ရလျှင် ချစ်စိတ် ပီတိစိတ်ဖြင့် အားများပြည့်ရပါ၏
Guang Zhou မြို့၏ မျက်နှာဖုံးဖြစ်သော ရတနာလုပ်ငန်းပိုင်ရှင်မိဘများ၏ တစ်ဦးတည်းသော သားဖြစ်တဲ့ yibo အတွက် ပိုက်ဆံဆိုသည်က တောင်းရင်တောင်းသလောက်ရနိုင်သော်လည်း သူကိုယ်တိုင်ရှာထားသောငွေဖြင့် မှည့်နက်လေးကို အထောက်အပံ့ဖြစ်စေချင်သည်
မင်းတို့သိလား အဲ့ဒါ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ရဲ့ ပီတိပဲ
ပင်ပန်းတယ်ဆိုပေမဲ့ အဲ့ဒီပင်ပန်းမှုတွေက ပြန်ရတဲ့ပီတိနဲ့ ယှဉ်ရင် ဘာမှမပြောပလောက်
အင်းး မောတော့မောတာပေါ့ ဒါပေမဲ့ မမောဘူး
* ကိုကိုသိလား ကျွန်တော်အရင်က ဖြစ်ချင်ခဲ့တဲ့ အိပ်မက်ဆိုတာတွေက ကိုကိုနဲ့တွေ့ပြီးတဲ့နောက်မှာ အရာအားလုံး ပြောင်းလဲကုန်တယ် ကိုကိုမပါခဲ့တဲ့အဲ့ဒီအိပ်မက်တွေက ကျွန်တော့်အတွက် အဓိပ္ပါယ်မရှိတော့လို့ပဲ *
ESTÁS LEYENDO
Falling In Love With Black Mole
Fanficအရာရာဖြစ်လွယ်လွန်း ပျက်လွယ်လွန်းတဲ့ကြားမှာ ကျွန်တော်ကတော့ ကိုကို့ကို ထာဝရထွေးပွေ့ကာကွယ်နိုင်သူ ဖြစ်ပါရစေ ... Wang Yibo × Xiao Zhan Fan Fiction