Zawgyi
Yibo တစ်ယောက် မိုးရေထဲမှာ ပြေးရင်းလွှားရင်းပင် တွေ့ကရာ Taxi တစ်စီး အမြန်ငှါးကာ မှည့်နက်လေး၏ ကွန်ဒိုရှိရာသို့ ဦးတည်ရသည်
လက်ထဲမှလည်း မကိုင်သေးသော ph ကို အဆက်မပြတ် ခေါ်နေမိသည်
Yibo ကွန်ဒိုရှေ့ရောက်တော့ စိတ်ပူနေပုံရသော ဦးလေးကွမ်းကို အရင်တွေ့သည်
" ဦးလေးကွမ်း ကိုကို ပြန်လာပြီလား "
" ပြန်မလာသေးဘူး သား ဦးလေးလည်း စိတ်ပူလို့ သားဆီကို ph ခေါ်လိုက်တာ "
" ဒါဆို ကျွန်တော် ဒီအနီးနားတစ်ဝိုက်ကို ရှာကြည့်လိုက်ဦးမယ် "
ပြောရင်း ဆိုရင်း မိုးရေထဲသို့ ပြေးထွက်သွားသော Yibo
" ကလေး ထီးယူသွားဦးလေ "
မိုးရေတွေ ရွှဲရွှဲစိုကာ မျက်နှာမှာလည်း စိုးရိမ်ပူပန်မှုတွေ အတိုင်းသားနဲ့ ပြာယာခတ်နေတဲ့ Yibo အားကြည့်ရင်း Zhan Zhan ကို ဘေးကင်းကင်းနဲ့ အမြန်ရှာတွေ့ပါစေဟုသာ ဦးလေးကွမ်း ဆုတောင်းနေမိသည်
...............................
မိုးရွာလို့ လမ်းသွားလမ်းလာ သိပ်မရှိတော့သော လမ်းမတွေထက်မှာ Yibo တစ်ယောက် တစ်လမ်းဝင် တစ်လမ်းထွက်နှင့် မှည့်နက်လေးကိုရှာရင်း အော်ခေါ်နေမိသည်
" ကိုကို "
" ကိုကို ဘယ်မှာလဲ ကျွန်တော့်အသံကို ကြားရလား "
သည်းလာတဲ့မိုးနဲ့အတူ yibo နှလုံးသားထဲပါ တစ်ဆစ်ဆစ်နာလာသည်
Yibo မှည့်နက်လေးအပေါ် ဘယ်လောက်ချစ်မိနေလဲ သူ့ကိုယ်သူ သတိထားမိတော့ သွေးပျက်မိလောက်အောင်ပင်
တကယ်လို့များ မှည့်နက်လေးသည် သူ့အနားမှ ထာဝရထွက်ခွာသွားပါလျှင်
ဟင့်အင်း သူတွေးတောင် တွေးမကြည့်နိုင်ပါ
သူ့ကိုယ်သူ ယုံပေမဲ့ ကံကြမ္မာကို မယုံသည်မို့ Yibo ကြောက်သည်
YOU ARE READING
Falling In Love With Black Mole
Fanfictionအရာရာဖြစ်လွယ်လွန်း ပျက်လွယ်လွန်းတဲ့ကြားမှာ ကျွန်တော်ကတော့ ကိုကို့ကို ထာဝရထွေးပွေ့ကာကွယ်နိုင်သူ ဖြစ်ပါရစေ ... Wang Yibo × Xiao Zhan Fan Fiction