Zawgyi
" ကောကော "
မှည့်နက်လေးက အံ့သြဟန်ဖြင့် ကုတင်ပေါ်တွင် လှဲလျောင်းနေသော သူ့အစ်ကိုထံသို့ အပြေးသွားကာ လက်တို့ကို ကိုင်ထားလေ၏
" ဦးလေးကျန်း အခြေအနေ ဘယ်လိုလဲ "
" အဆင်ပြေပါတယ် လိုအပ်တာတွေလည်း လုပ်ပေးထားတယ် တစ်လလောက် နားလိုက်ရင် စိတ်လည်းငြိမ် အားလည်းပြန်ပြည့်လာပြီး ထူထူထောင်ထောင်ပြန်ဖြစ်လာမှာပါ ... သူသတိရလာရင်တော့ သူ့ရဲ့မိသားစုတွေက အားပေးဖို့တော့လိုတယ် ကာယကံရှင်ရဲ့ ယုံကြည်မှုရော မိသားစုရဲ့ ယုံကြည်မှုရောက ဆေးဖြတ်တဲ့လူတစ်ယောက်အတွက် အများကြီးအရေးပါတယ် "
" ဟုတ်ကဲ့ပါ ဦးလေး ကူညီပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် "
မှည့်နက်လေးက ဦးလေးကျန်းရှေ့သို့ ရောက်လာကာ
" ဆရာပြောတဲ့အတိုင်း လိုတာကို ဆောင်ရွက်ပါ့မယ်ကျွန်တော်လည်း အားတာနဲ့ လာကြည့်ပါ့မယ် ကောကောပြန်သတိရလာရင်လည်း ကျွန်တော့်ကို ချက်ချင်းအကြောင်းကြားပေးပါနော် ... ခုလိုကူညီပေးလို့ ဆရာ့ကို ကျေးဇူးအများကြီးတင်လိုက်တာ "
" ရပါတယ် သား မလိုပါဘူး ပြီးတော့ ဦးလေးကျန်းလို့ပဲခေါ်ပါ Yibo တို့ Cheng Xing တို့်လိုပဲ သားရဲ့ဦးလေးတစ်ယောက်လို သဘောထားလို့ရပါတယ် သားကောကော သတိရတာနဲ့ ဦးလေးအကြောင်းကြားပေးပါ့မယ် "
" ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ် "
" ကျေးဇူးတင်ချင်သပဆိုရင် ဦးလေးကို မတင်လည်းရပါတယ် ဟောဒီက Yibo ကိုပဲတင် သူအကူအညီတောင်းလို့ ဦးလေးလည်း လုပ်ပေးဖြစ်တာပါ သူပဲ သားအစ်ကိုကို ဒီကိုခေါ်လာပေးတာ အဲ့နေ့က သူ့လက်မောင်းမှာ ဓားခြစ်ရာ... "
" ဦးလေးကျန်း ... ရပါတယ် ရတယ် ကျွန်တော်ဘာမှမဖြစ်ဘူး "
ယောက်ဖတော်ကို ဆေးဖြတ်ဖို့ အတင်းအကြပ်ခေါ်ရင်း ပြုရင်းနဲ့ ဓားရှပ်ထိပြီး ဒဏ်ရာရကြောင်း မှည့်နက်လေးကို သူမသိစေချင်ပါ
နောက်ပိုင်း သူစီစဉ်လာတဲ့မေ့ဆေးအုပ်ပြီးမှ ငှါးလာသော လူအချို့နဲ့သယ်ပြီး ယောက်ဖတော်ကို ဦးလေးကျန်းဆီကို ခေါ်ခဲ့ရသည်
KAMU SEDANG MEMBACA
Falling In Love With Black Mole
Fiksi Penggemarအရာရာဖြစ်လွယ်လွန်း ပျက်လွယ်လွန်းတဲ့ကြားမှာ ကျွန်တော်ကတော့ ကိုကို့ကို ထာဝရထွေးပွေ့ကာကွယ်နိုင်သူ ဖြစ်ပါရစေ ... Wang Yibo × Xiao Zhan Fan Fiction