ကျွန်​​တော့်​အတွက်​​တော့ ကိုကိုက က​လေး​လေး

10.3K 1.4K 103
                                    

Zawgyi

" အ .. နာတယ်​ "

" အင်း အင်း ပြီး​တော့မှာ ခဏ​လေး "

Yibo မှည့်​နက်​​လေး၏ မျက်​နှာမှ ဖူး​ယောင်​​နေမှုများကို ​ဆေးထည့်​ကာ ကျပ်​ပူထိုး​ပေး​နေသည်

အနီးကပ်​ကြည့်​မိမှ သူ့မျက်​နှာ​လေး​ပေါ်က အစိတ်​အပိုင်း တစ်​ခုချင်းစီမှာ ​အ​တော်​လှ​သည်​ပဲ

မျက်​​တောင်​နက်​နက်​​လေး​တွေ
မျက်​ဝန်းကြည်​ကြည်​​လေး​တွေနဲ့
နှုတ်​ခမ်းပါးပါး​လေး အထူးသဖြင့်​ ​ထိုနှုတ်​ခမ်း​အောက်​က မှည့်​​လေးသည်​ Yibo ရဲ့ အိပ်​မက်​​တွေထဲမှာ အမြဲလိုလို စိုးမိုးထားတဲ့အရာ​လေး

ဒါ​တောင်​ ဒဏ်​ရာ​တွေနဲ့မို့
နို့မို့ဆို သူ့နတ်​သား​လေးဟာ ဘယ်​​လောက်​​တောင်​ လှလိုက်​မလဲလို့ Yibo ​တွေး​နေမိသည်

' ဒါမဲ့ ကျွန်​​တော်​က ကို့ကိုကို လှလို့ချစ်​တာမဟုတ်

ချစ်​လို့ လှ​တာပါ​နော်​ Wang Yibo ရဲ့ အချစ်​​တွေ​ကြောင့်​ ကိုကိုက ပိုလှ​နေတာ '

ကျပ်​ပူထိုးရင်း ပြုံးစိစိဖြစ်​​နေ​သော Yibo ​ကြောင့်

" ဘာရယ်​တာလဲ မင်း "

" အာ မဟုတ်​ပါဘူး ကျွန်​​တော်​​ပျော်​လို့ ကိုကို ကျွန်​​တော့်​ကို နှင်​မထုတ်​​တော့လို့ "

မျက်​လုံး​လေးလှန်​ကာ သူ့ကို​မျက်​​မှောင်​ကျုံ့ကြည့်​​နေ​သော မှည့်​နက်​​လေးအား Yibo အသည်းယားမိသည်

" အရူး​ကောင်​ "

ထိုသို့​ပြောပြီး​နောက်​ ​ခေါင်းပြန်​ငုံ့သွား​သော မှည့်​နက်​​လေး

" ကိုကို ခဏလှဲလိုက်​ဦး ကျွန်​​တော်​ အခန်းထဲကို လိုက်​ပို့မယ်​ "

Yibo တစ်​​ယောက်​ ပါးစပ်​ကလည်း ​ပြော
လက်​ကလည်း ဆိုဖာ​ပေါ်မှ မှည့်​နက်​​လေး၏ ခန္ဓာကိုယ်​အား အ​ပွေ့

" Wang Yibo မင်းဘယ်​လိုဖြစ်​​နေတာလဲ ငါ​ခြေ​ထောက်​ကျိုး​နေတာ မဟုတ်​ပါဘူးဟ ချစမ်းပါ "

" ရှူး စကားအများကြီး မ​ပြောနဲ့ ကျွန်​​တော်​က ကိုကို ပင်​ပန်းမှာစိုးလို့ ​နော်​ ဒါ​ကြောင့်​ ငြိမ်​ငြိမ်​​လေးလိုက်​ခဲ့ "

Falling In Love With Black MoleWhere stories live. Discover now