ကိုကိုနာကျင်​တာကိုမြင်​ရတိုင်း ကျွန်​​တော့်​ကိုယ်​ကျွန်​​တော်​ မုန်းမိတယ်

9.9K 1.4K 99
                                    

Zawgyi

ဘာလိုလိုနဲ့ အချိန်​​တွေ တစ်​​ရွေ့​ရွေ့ကုန်​ဆုံးလာသည်​မှာ Yibo တို့ စာ​မေး​တွေပွဲပြီး၍ first semester ပင်​ ကုန်​​တော့မည်

Yibo တစ်​​ယောက်​က​တော့ သူ့မှည့်​နက်​​လေးနဲ့ အဆင်​​ပြေ​နေစကာလ​လေးမို့ ​ကျောင်းပိတ်​​တော့မှာကို သူမခံစားနိုင်​ပါ

အထူးသဖြင့်​ သူ မှည့်​နက်​​လေးကို မလွမ်းချင်​ပါ
နယ်​ကိုလည်း မပြန်​ချင်​ပါ

သူသည်းသည်းလှုပ်​ပြရင်​ ရှက်​ရဲရဲဖြစ်​သွား​သော မျက်​နှာ​လေးကို သူမခွဲချင်​ပါ

တစ်​ခါတစ်​​လေ သူ့ကို သံ​ယောဇဉ်​ရှိရဲ့သားနဲ့ ​အေးစက်​စက်​ ဘုကလန့်​ တုန့်​ပြန်​တတ်​​သော အဲ့ဒီအစ်​ကိုကြီးကို သူမြတ်​နိုးသည်

သူသက်​သက်​မဲ့ ဥာဏ်​နီဥာဏ်​နက်​များတိုင်း အဟုတ်​ထင်​ကာ စိတ်​ပူ​ပေးတတ်​တဲ့ ရိုးသားတဲ့ သခင်​​လေးကို သူချစ်​သည်

တစ်​ခါတစ်​​လေ သူ့ကို က​လေးတစ်​​ယောက်​လို ဆက်​ဆံပြီး ဆူပူမာန်​မဲတတ်​သည်​​လေးများကို သူအသည်းယားသည်

Yibo ​သူ့မှည့်​နက်​​လေးကို ​နေ့တိုင်းဆိုင်​ကယ်​နဲ့ အကြိုအပို့လုပ်​​ပေးရတာ သူ​ပျော်​သည်
ခုဆို သူ့ဆိုင်​ကယ်​​လေးကို​တောင်​ ​ပြောထားပြီးပြီ
ဒီအစ်​ကိုက မင်းသခင်​ရဲ့ ခင်​ပွန်း​လောင်းလို့ ..

သူ Guang Zhou ကို ပြန်​မလာချင်​တာ မာမားသိရင်​ ဆဲလိမ့်​မည်
မိသားစုကို မလွမ်းဘူးလား​မေးရင်​ သူလွမ်းပါသည်
ဒါမဲ့ သူ့တစ်​သက်​လုံး​ အိမ်​က မျက်​နှာ​တွေကို ​တွေ့လာရတာပဲ​လေ

သူက ခုမှ မှည့်​နက်​​လေးရဲ့ရင်​ထဲကို တိုးဝင်​​နေရတဲ့ အချိန်​ကာ​လေးမှာ မိသားစုနဲ့ယှဉ်​ရင်​ ဒီဘက်​ကို နည်းနည်းဦးစား​ပေးလို့ရတယ်​မလား

ပါပါးတို့ မာမားတို့​ရော သားမက်​က​လေးဘက်​ကို ဦးစား​ပေးသင့်​တယ်​လို့ မထင်​ဘူးလား

Wang Yibo ​လေးက​ အချစ်​အတွက်​ဦးစား​ပေးချင်​​သော်​လည်း ပါးနဲ့မားကို မျက်​နှာ​လေး​တော့ ပြန်​ပြရ​ပေဦးမည်

Falling In Love With Black MoleTahanan ng mga kuwento. Tumuklas ngayon