Zawgyi
Yibo တစ်ယောက် Guang Zhou မှာ နေတဲ့အချိန်အတွင်း ညနေတိုင်း မှည့်နက်လေးနဲ့ video call ပြောရတဲ့ အခိုက်အတန့်လေးကို သိပ်သဘောကျသည်
သူ့မှည့်နက်လေးသည် တစ်ခါတစ်လေ အေးစက်စက်နဲ့ သူ့အပေါ်ချေပြီး ဘုကလန့်တိုက်သော်ငြားလည်း သူ့အပေါ်သံယောဇဉ်ရှိသည်ဆိုတာတော့ Yibo ခံစားမိသည်
ယခုလည်း သူ့မှည့်နက်လေး၏ မျက်နှာတော်အား မော်ဖူးရန် အချိန်ကျရောက်လာချေပြီ
ထုံးစံအတိုင်း video call ခေါ်လိုက်တော့ ကိုင်လာသည်
" ကိုကို ဒီနေ့ရော အဆင်ပြေတယ်မလား "
" အင်း ပြေတယ် ငါအချိန်ပိုင်းအလုပ်လည်း ရပြီ "
" ဟင် အာ့ဆို ကိုကို အလုပ်လုပ်နေပြီပေါ့ "
" အင်း ငါစုထားတဲ့ပိုက်ဆံတွေကလည်း တဖြည်းဖြည်း လျော့လာပြီလေ "
" ကျွန်တော် ပြန်လာပြီး ကူလုပ်ရမလား ကိုကို ပင်ပန်းတာကို မကြည့်ချင်ဘူးလေ "
" ကျန့်ကျန့် (Zhan Zhan) ငါဟင်းချက်ပေးခဲ့တယ်နော် "
ထိုစဉ် ကြားလိုက်ရတဲ့ မိန်းကလေးအသံကြောင့် Yibo ကြောင်သွားသည်
မှည့်နက်လေးက ph ကိုကြည့်နေရာမှ ဘေးဘက်သို့ လှည့်ကာ
" ဟုတ် Jie ကျေးဇူးပါနော် ကျွန်တော် ဒီမှာ ph လာနေလို့ "
" okie okie အာ့ဆို jie ပြန်မယ် နောက်မှ ထပ်လာခဲ့မယ် "
Yibo ကတော့ မျက်မှောင်ကြီးကြုတ်လာကာ
" ကိုကို အဲ့ကောင်မလေးက ဘယ်သူလဲ "
" အရင်က အိမ်နီးချင်းနေခဲ့တဲ့အိမ်က အစ်မ သူက US ကို ကျောင်းသွားတက်တာ သုံးနှစ်လောက်ရှိပြီ ခုပြန်လာတော့ ပြန်တွေ့ကြတာ "
" ဒီတိုင်း သူငယ်ချင်းပဲမလား "
" ဘာကိုလဲ "
" သူနဲ့ကိုကိုကလေ "
" အင်း အမှန်အတိုင်းပြောရရင်တော့ သူ ငါ့ကို အရင်ကတည်းက စိတ်ဝင်စားနေတာ ငါရိပ်မိပါတယ် ဒါပေမဲ့ သူက တကယ်ကောင်းတဲ့ မိန်းကလေးပါ ပညာလည်းတော်တယ် အိမ်မှုကိစ္စလည်း ကျွမ်းတယ် လှလည်းလှတယ် "
YOU ARE READING
Falling In Love With Black Mole
Fanfictionအရာရာဖြစ်လွယ်လွန်း ပျက်လွယ်လွန်းတဲ့ကြားမှာ ကျွန်တော်ကတော့ ကိုကို့ကို ထာဝရထွေးပွေ့ကာကွယ်နိုင်သူ ဖြစ်ပါရစေ ... Wang Yibo × Xiao Zhan Fan Fiction