Zawgyi
" ဘာလို့အဲ့ဒါတွေ ဝယ်လာတာလဲ "
Yibo လက်ထဲမှာ ကိုင်ထားတဲ့ သစ်သီးခြင်းလေးကိုမြင်တော့ မေးလာတဲ့မှည့်နက်လေး
" အခု ကိုကို့ပါပါးကို သွားတွေ့မှာမလား အနာဂတ် ယောက္ခထီးလောင်းကို ဂါရဝပြုရမှာပေါ့ "
Yibo ထိုသို့ပြောလိုက်တော့ မှည့်နက်လေးသည် အနည်းငယ်ညှိုးသွားသော မျက်နှာလေးနဲ့အတူ
" ငါ့ပါပါးက အဲ့ဒါတွေ စားနိုင်မှာ မဟုတ်ဘူး ပါပါးက coma ဝင်နေတာ "
" အာ ... ကျွန်တော် မသိလို့ပါ ကိုကို့ကို စိတ်မကောင်းဖြစ်အောင် လုပ်မိသွားရင် ခွင့်လွှတ်ပါနော် "
" ရပါတယ် သွားရအောင် "
....................
ဆေးရုံရောက်တော့ No. 102 ဆိုသော အခန်းထဲသို့ ဝင်လာခဲ့ရာ လူနာကုတင်ပေါ်တွင် ဆေးပိုက်ပေါင်းများစွာဖြင့် လှဲလျောင်းနေသော လူတစ်ဦး
မှည့်နက်လေးသည် ကုတင်ပေါ်ရှိ ထိုလူ၏လက်ကို ဆုပ်ကိုင်လိုက်ကာ
" ပါပါး ကျွန်တော်လာတယ် "
ကုတင်ပေါ်တွင် လှဲလျောင်းနေသော လူသည် မှည့်နက်လေးနဲ့ မျက်နှာကျဆင်ကာ မျက်ခုံးမွှေးကောင်းကောင်းနှင့် ကျန်းမာစဉ်အခါက ခန့်ညား၍ ဥပဓိရုပ်ကောင်းမည့်ပုံစံပင်
" မြန်မြန်နိုးလာပါတော့ ပါပါး ကျွန်တော့်ကို တစ်ယောက်တည်း ပစ်ထားခဲ့တာ ကြာပြီလေ ထပြီးတော့ အရင်က ပစ်ထားခဲ့တာတွေအတွက် အတိုးချပြီး ဂရုစိုက်ပေး ... ကျွန်တော်တစ်ယောက်တည်း ဘယ်လောက်ကြောက်နေခဲ့လဲ ပါပါးသိလား ကျွန်တော်တစ်ယောက်တည်း ဒီဝန်တွေထမ်းနေရတာလည်း အရမ်းပင်ပန်းနေပြီ ပြီးတော့ ကောကောကို .... ကောကောကိုလည်း ဘယ်လိုလုပ်ပေးရမလဲ မသိတော့ဘူး "
မှည့်နက်လေးသည် သူ့ပါပါး၏ လက်ကိုဆုပ်ကိုင်ကာ ပြောနေရင်းမှ မျက်ရည်များကျလာသည်
ŞİMDİ OKUDUĞUN
Falling In Love With Black Mole
Hayran Kurguအရာရာဖြစ်လွယ်လွန်း ပျက်လွယ်လွန်းတဲ့ကြားမှာ ကျွန်တော်ကတော့ ကိုကို့ကို ထာဝရထွေးပွေ့ကာကွယ်နိုင်သူ ဖြစ်ပါရစေ ... Wang Yibo × Xiao Zhan Fan Fiction