Zawgyi
" သူ့ကို ဘာဖြစ်လို့ အဲ့လူတွေက နှောင့်ယှက်ကြတာလဲ "
သူ ထိုနေ့ညက အဆောင်ပြန်ရောက်လာပြီးနောက် ပေါက်နေသော နှုတ်ခမ်းကိုမြင်သွားသည့် Cheng Xing က ဘာဖြစ်လာတာလဲဟု မေးလာသောကြောင့် Yibo ဖြစ်ကြောင်းကုန်စင် ပြောပြမိသည်
" ငါလည်း မသိဘူး
အဲ့နေ့က သူ့နာမည်ကို ပြောပြတယ် ပြီးတော့ ငါ့ကိုကျေးဇူးတင်ပါတယ်ပြောပြီး နှုတ်ဆက်သွားတာပဲ "" ဒါဆိုသူ့မှာ အန္တရာယ်တစ်ခုခုတော့ ရှိနေပုံပဲ မင်းသာရောက်မလာရင် သူဘယ်လိုလုပ်မလဲ သူ့ပုံစံက ဘာမှမလုပ်တတ် မကိုင်တတ်တဲ့ သခင်လေးလိုပဲ "
" အင်း ငါလည်း တွေးမိပါတယ်
အဲ့ဒါကြောင့် ငါသူ့ကို စိတ်လည်းပူမိတယ် "" ဟမ် Wang Yibo တို့ လူစားထိုးခံလိုက်ရတာလား သူများကိစ္စဆို အာရုံနောက်လို့ စိတ်မဝင်စားဘူးဆိုတဲ့ကောင်က စိတ်ပူတယ်တဲ့လား
မကြားဖူးတာတွေ ကြားနေရလို့ ငါထီထိုးသင့်လား "" ချီးတဲ့မှ .. အဲ့စိတ်က သူ့ဘာသူ ဖြစ်လာတာ
ငါလည်း ဘယ်လိုသိမလဲ
ငါ့စိတ်ထဲ သူ့ကိုကာကွယ်ပေးချင်တဲ့စိတ်ကလေးက ပေါ်ပေါ်လာတာ
တည်ငြိမ်အေးချမ်းတဲ့ သူ့ဖြစ်တည်မှုလေးကို ဘယ်သူကမှ မထိခိုက်စေချင်ဘူး "" Wow ကဗျာတွေ ဆန်လှချည်လား ဆရာဝမ်ရ
ထူးဆန်းထွေလာကြီးနော်
မင်းရဲ့ဒီပုံစံကို ငါ မတွေ့ဘူးပါဘူး "" အင်း ငါ့မှာလည်း အစ်ကိုရှိလို့
သူ့ကို အစ်ကိုတစ်ယောက်လို ကာကွယ်ပေးချင်တာမျိုး ထင်တယ် "" အေးပါ မင်းဒီလောက်ဖြစ်နေရင်လည်း ငါမနက်ဖြန်ကျ သူ့အကြောင်းကို တတ်နိုင်သလောက် စုံစမ်းကြည့်ပေးမယ် ငါ EC အစ်ကိုတွေနဲ့ တော်တော်ခင်နေပြီ Third yr EC ကို ငါမေးကြည့်ပေးမယ် "
" အင်း ဒါဆိုလည်း မင်းကိုပဲ အားကိုးမယ် ဟျောင့် "
....................................
YOU ARE READING
Falling In Love With Black Mole
Fanfictionအရာရာဖြစ်လွယ်လွန်း ပျက်လွယ်လွန်းတဲ့ကြားမှာ ကျွန်တော်ကတော့ ကိုကို့ကို ထာဝရထွေးပွေ့ကာကွယ်နိုင်သူ ဖြစ်ပါရစေ ... Wang Yibo × Xiao Zhan Fan Fiction