Zawgyi
ပထမနှစ်အတွက် EC ရွေးချယ်ပွဲတွင် မဲပေးကြရာ ထောင်ထောင်မောင်းမောင်းနဲ့ ရုပ်ရည်လည်းချောသည်ဟုဆိုနိုင်သော Cheng Xing က မဲအများဆုံးနှင့် ပထမနှစ် EC ဖြစ်သွားသည်
မိန်းကလေးထဲမှ အရပ်ပုပုလေးနဲ့ social ကောင်းပြီး နေရာတကာဝင်ပါတတ်ပုံရသော Yuan Yuan ဆိုတဲ့ ကောင်မလေးမှ မဲအများဆုံးရသည်
နေ့လည်အတန်းဆင်းချိန်တွင် ကန်တင်း၌ထမင်းစားနေသော Yibo နဲ့ Cheng Xing ဝိုင်းသို့ Yuan Yuan ရောက်လာကာ
" ဟေ့ Cheng Xing မနက်ဖြန်ကျရင် year အလိုက် EC တွေ တွေ့ဆုံပွဲရှိတယ်တဲ့ နင်မသိသေးမှာစိုးလို့ "
စားပွဲကို လက်ကလေးနဲ့ခေါက်ကာ လာပြောသော Yuan Yaun ကို Cheng Xing အအေးငုံ့သောက်နေရာမှ မော့ကြည့်ကာ
" အော် အေးအေး ဟုတ်ပြီ ငါလာခဲ့မယ်လေ ဘယ်အချိန်လဲ "
" ညနေ လေးနာရီလောက် "
" အေးအေး ငါလာခဲ့မယ် ဒါနဲ့ ထိုင်ဦးလေ ဒီဖက်က ငါ့သူငယ်ချင်း Wang Yibo တဲ့ "
" ရတယ် မထိုင်တော့ဘူး သွားစရာလေးရှိသေးလို့
Yibo တွေ့ရတာ ဝမ်းသာပါတယ်
နှစ်ယောက်လုံး နောက်မှတွေ့မယ်နော် သွားပြီ "အမြဲတမ်း တွေ့လိုက်ရင် ပြာယာခတ်နေပုံရသော Yuan Yuan ကတော့ သူတို့နှစ်ယောက်ကို နှုတ်ဆက်ပြီး ပြေးသွားလေ၏
"Yibo မနက်ဖြန် မင်းအစ်ကို မင်းဆိုင်ကယ်ကို အဆောင်လာပို့ပေးမှာမလား"
" အေး ဟုတ်တယ် ငါ့ကော မနက်ဖြန် လာမှာတဲ့ ငါတို့ ကျောင်းကိုလာတဲ့နေ့က ကောက အလုပ်နဲ့ခရီးထွက်နေရလို့ ငါ့ကိုလိုက်ပို့မယ်ပြောပြီး မပို့နိုင်တာ
ဆိုင်ကယ်ကိုထားခဲ့လိုက် သူပြန်လာမှ ငါ့ကိုလည်းတွေ့ရင်း ဆိုင်ကယ်လာပို့မယ်ဆိုလို့ ထားခဲ့လိုက်တာ "
" Wang Yibo တို့ ဆိုင်ကယ်ကြီးရောက်လာရင် ကောင်မလေးတွေကြားထဲ ရေပန်းစားဦးမှာ မြင်ယောင်သေးတယ် "
ŞİMDİ OKUDUĞUN
Falling In Love With Black Mole
Hayran Kurguအရာရာဖြစ်လွယ်လွန်း ပျက်လွယ်လွန်းတဲ့ကြားမှာ ကျွန်တော်ကတော့ ကိုကို့ကို ထာဝရထွေးပွေ့ကာကွယ်နိုင်သူ ဖြစ်ပါရစေ ... Wang Yibo × Xiao Zhan Fan Fiction