ဝေးရမဲ့စကား​တွေ မ​ပြောပါနဲ့ ..

10.3K 1.4K 161
                                    

Zawgyi

" အချစ်​.. ​ရှေ့မှာ ကျွန်​​တော်​​ရောက်​​နေပြီ​နော်​ "

Yibo သူ့မှည့်​နက်​​လေးကို အလုပ်​လာကြိုခြင်းဖြစ်​ပြီး ဆိုင်​အပြင်​မှ​နေ၍ ph လှမ်းဆက်​ကာ ​ရောက်​​ကြောင်း သံ​တော်​ဦးတင်​​နေခြင်းဖြစ်​သည်

ခဏကြာ​တော့ သူ့အ​မော​ပြေ​လေးက ​ကျောပိုးအိတ်​က​လေးလွယ်​ကာ ဆိုင်​ထဲမှ ထွက်​လာသည်

Yibo က ဆိုင်​ကယ်​ကို​မှီထားရာက​နေ လွယ်​ထား​သော လွယ်​အိတ်​​လေးကို လှမ်းယူလိုက်​​တော့ မှည့်​နက်​​လေးက မှုန်​ကုပ်​ကုပ်​နဲ့ မျက်​လုံး​လေး လှန်​ကြည့်​လာကာ

" ​တော်​ပါပြီ ကိုယ့်​ဘာကိုယ်​ သယ်​နိုင်​ပါတယ်​ ငါ့များ မူကြိုက​လေးကို ​ကျောင်းလာကြိုတယ်​ ထင်​လို့လား "

Yibo တစ်​​ယောက်​ ဘာမှပြန်​မ​ပြောပဲ ပြုံးပြုံးကြီး စိုက်​ကြည့်​ကာ ရုတ်​တရက်​ဆိုသလို

မွ

မှည့်​နက်​​လေးရဲ့ ​မွေးညှင်းနုနု​လေးများ ဝန်းရံထား​သော ပါး​လေးတစ်​ဖက်​​ပေါ်သို့ အကြင်​နာတစ်​ပွင့်​ ​ခြွေချလိုက်​​သောအခါ ချက်​ချင်းဆိုသလို မျက်​လုံး​လေးများ ဝိုင်းတက်​လာကာ ပါးတစ်​ဖက်​အား လက်​က​လေးဖြင့်​အုပ်​ရင်း

" Wang Yibo မင်းအရှက်​မရှိဘူးလား ​သေချင်​လို့လား "

" အချစ်​ကလည်း ကိုယ့်​ရည်းစားကိုယ်​ နမ်းတာပဲ ဘယ်​သူ့ဂရုစိုက်​ရမှာလဲ သူတို့​တောင်​ ကျွန်​​တော့်​လိုဘဲမျိုး ရှိလို့လား "

" မင်းမရှက်​​ပေမဲ့ ငါရှက်​တယ်​ အရူးရဲ့ "

" အင်းပါ အင်းပါ ကျွန်​​တော့်​အချစ်​က ရှက်​တယ်​ဆို​တော့လည်း ​နောက်​မလုပ်​​တော့ပါဘူး ... အဟမ်း နှစ်​​ယောက်​တည်းကျမှ ... "

" အားး ​နာတယ်​ ကိုကိုရဲ့ "

ရုတ်​တရက်​ သူ့ဗိုက်​​ခေါက်​အားလိမ်ဆွဲလာ​သော မှည့်​နက်​​လေး

ချစ်​​တော့လည်း ဘယ်​​လောက်​နာနာ ပန်းနဲ့​ပေါက်​​နေသလိုပါပဲ​လေ

Falling In Love With Black MoleOpowieści tętniące życiem. Odkryj je teraz