Zawgyi
" ကျွန်တော် သွားတော့မယ် ကိုကို "
" အင်း သွားတော့ "
" ကျွန်တော် နောက်ဆံတင်းနေတယ် စိတ်မချဘူး ကိုကို့သူငယ်ချင်းလာမှ သွားရမလား "
" ရတယ် ခုသွားဆိုသွားတော့ "
အော်ခံလိုက်ရသောကြောင့် မျက်နှာငယ်လေးနဲ့ Yibo က
" ကိုကို့ကို တစ်ခါလောက် ဖက်လို့ရလား "
Yibo ထိုသို့ပြောလိုက်တော့ မျက်လုံးလေး လှန်ကြည့်လာသော မှည့်နက်လေး
" Wang Yibo မင်းကလေ ခွေးလေးအရောဝင် ပါးရက် နားရက်နော် "
" ဒါဆို မနေ့ညကကျ ဘာလို့ ကိုကို့ဘေးမှာ အိပ်ခွင့်ပေးတာလဲ "
" အဲ့ဒါက မင်းငါ့ကြောင့် ပင်ပန်းနေတာမို့ ကောင်းကောင်းအိပ်ရအောင်လို့ "
" ခုလည်း ပင်ပန်းနေတယ်လေ "
" ရစ်လိုက်တာ Wang Yibo ရာ ကဲ ကဲ ဖက် "
ဆူပုတ်ပုတ်မျက်နှာလေးနှင့် ဖက်ဟု ဆိုလာသော မှည့်နက်လေးကြောင့် yibo တို့ မျောက်အုန်းသီးရသည့်နှယ်
ဒါပဲလေ Wang Yibo တို့က လိုချင်တာကို မရရအောင် ရစ်တတ် အဲလေ လုပ်တတ်တယ်
ဝမ်ရိပေါ်တဲ့ တစ်ပေါ်ပဲရှိတယ် နှစ်ပေါ်ရှိရင် ဖုံးပစ်မယ်
မှည့်နက်လေး၏ ကိုယ်လုံးအိအိလေးက Yibo ရင်ခွင်ထဲတွင် စွေ့ကနဲ
" ကိုကို ကိုယ့်ကိုယ်ကို ဂရုစိုက်ရမယ်နော် ကျွန်တော်က ပြန်တောင်ပြန်ချင်တာ မဟုတ်ဘူး ပြီးတော့ ကျွန်တော် နေ့တိုင်း ph ဆက်မယ်နော် မကိုင်ပဲနဲ့ မနေနဲ့ ph မကိုင်တဲ့နေ့ ကျွန်တော် Guang Zhou ကနေ Beijing ကို ချက်ချင်းရောက်ချလာမဲ့နေ့ပဲ "
" အင်း သိပြီ သွားတော့ "
ထိုနေ့က Yibo သည် သူ့မှည့်နက်လေးအား စိတ်မချခြင်းများစွာဖြင့် ထားခဲ့ရပါသည်
YOU ARE READING
Falling In Love With Black Mole
Fanfictionအရာရာဖြစ်လွယ်လွန်း ပျက်လွယ်လွန်းတဲ့ကြားမှာ ကျွန်တော်ကတော့ ကိုကို့ကို ထာဝရထွေးပွေ့ကာကွယ်နိုင်သူ ဖြစ်ပါရစေ ... Wang Yibo × Xiao Zhan Fan Fiction