ဤမှန်သောချစ်ခြင်းတရားတို့ကြောင့်...

5.7K 426 67
                                    

Zawgyi

Yibo အခုဆိုရင် ကိုရီးယားကိုရောက်တာ လေးရက်မြောက်

ပါပါးပြောသလို မာမားအကြိုက် လိုက်နေပေးရင်း မာမားက စိတ်ပြေလက်ပျောက် ခရီးထွက်ချင်သည်ဆို၍ ဆိုးလ်က မာမားရဲ့ညီမ Yibo ရဲ့ အန်တီ​လေးဆီကို ရောက်နေရခြင်းဖြစ်သည်
မာမားကျန်းမာရေးကို အကြောင်းပြ၍ Xuan Yu လည်း ပါလာခဲ့သည်

Yibo မာမားက ကိုရီးယားလူမျိုးဖြစ်သော်လည်း ပါပါးနဲ့တွေ့၍ အိမ်ထောင်ကျကာ တရုတ်ပြည်မကြီးသို့ သျှောင်နောက်ဆံထုံးပါ လိုက်လာခဲ့ခြင်းဖြစ်သည်

Yibo မာမားကျန်းမာရေး အခြေအနေအား ထောက်ထား၍ မာမား စိတ်တိုင်းကျ စိတ်ချမ်းသာပါစေတော့ဟူ၍ သူ့ဖုန်းကိုသိမ်းထားသည်ကိုပင် ဘာမှမပြောပဲ နာခံခဲ့သည်

အခုဆိုရင် သူ့မှည့်နက်လေးနဲ့ အဆက်အသွယ်မရတာ တစ်ပတ်နည်းပါးပင်ရှိတော့မည်
မာမားကို အချိန်ပြည့် ပြုစုပေးနေရသည်က တစ်ကြောင်း မာမား စိတ်ချမ်းသာအောင် နေပေးနေရသည်ကတစ်ကြောင်း Xuan Yu က အချိန်ပြည့်စောင့်ကြည့်နေသည်က တစ်ကြောင်း လောလောဆယ် မဆက်သွယ်နိုင်သေးပေမဲ့ တစ်နည်းနည်းနဲ့တော့ ကြိုးစားပြီး ဆက်သွယ်မည်ဟု Yibo ကြံရွယ်ထားသည်

အကယ်၍များ မှည့်နက်လေး သူ့ကိုစိတ်ပူ၍ Guang Zhou အိမ်ကိုများ လိုက်လာလိုလာငြား Yibo အိမ်က အိမ်အကူမလေးကိုလည်း စာတစ်စောင်ရေးပေးထားခဲ့သည်

ကိုကိုအိမ်လိုက်လာခဲ့သည်ရှိသော် သူပေးခဲ့တဲ့စာလေးကို ဖတ်ရပြီး သူ့အခြေအနေကို နားလည်မှာပါလေဟု Yibo ဖြေ၍တွေးရသည်

ငါးရက်မြောက်နေ့တွင် ပါပါးက သူ့မိတ်ဆွေတစ်ချို့နဲ့ လုပ်ငန်းကြောင်းဆွေးနွေးရန် သွားစရာရှိသည်ဟုဆိုတော့ Yibo ပါပါးကို သူပါလိုက်ခဲ့ချင်တယ်ဟုဆိုကာ ပါပါးနောက်က လိုက်လာခဲ့သည်

ကားပေါ်ရောက်တော့ ပါပါးက

" Yibo သား အဆင်ပြေရဲ့လား "

ပါပါးသည် မူလစိတ်အခံ နူးညံ့သူဖြစ်ရာ Yibo ငယ်ငယ်ကတည်းက ဖြစ်ချင်သမျှ လုပ်ချင်သမျှကို အတ္တမကြီးပဲ ဘေးမဖြစ်ပါက အန္တရာယ်မရှိပါက တတ်နိုင်သမျှ လိုက်ရောပေးခဲ့သည်ချည်းပင်
မာမား မကြာခဏပြောသည်က "မင်းပါပါးက ငါနဲ့သာမတွေ့ခဲ့ရင် ဘုန်းကြီးဖြစ်မဲ့သူ"တဲ့
အရာရာကို တရားသဘောက ကြည့်တတ်သူ ပါပါးက အမြဲအေးချမ်းနေတတ်ပါသည်

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : May 08, 2020 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

Falling In Love With Black MoleOù les histoires vivent. Découvrez maintenant