Part 2(Zaw/Uni)

13.7K 1.2K 50
                                    

"မင်္ဂလာပွဲ အတွက် နိုင်ငံတော်အကြံပေးကိုဆင့်ခေါ်စေ"

မင်္ဂလာပွဲ နီးပြီဖြစ်တာကြောင့် မင်းကြီးက သားတော်ထက်ပင် စိတ်လုပ်ရှားနေလေသည်။

"ကျွန်တော် ရောက်ပါပြီ မင်းကြီး"

အထိန်းတော်နဲ့အတူပါလာတဲ့ အကြံပေးဆိုသူက ဂုဏ်ပုဒ်နဲ့မလိုက်အောင်ကို ခပ်ငယ်ငယ်နှင့် ဖြူလွှလွှကောင်လေး။

"ကျိရန် ရှောင်းကျန့် အတွက် အတိတ်ကောက်ပေးပါဦး"

"အရှင်မင်းကြီး ကျွန်တော် ကြင်ယာတော်လောင်းနဲ့တွေ့ကြည့်ပြီးမှ အတိတ်ကောက်ပါမယ် "

စကားပြောတည်ငြိမ်ပြီး တစ်မျိုးလေး ကြည့်ကောင်းနေတဲ့ ထို အကြံပေးလေးက ပြန်ဖြေသည်။

"ကောင်းပြီ ဝမ်ရိပေါ် လေးက ဧည့်ဆောင် ၂မှာထားထားတယ်"

"အထိန်းတော် တစ်ယောက်လိုက်ပို့ပေးလိုက်"

မင်းကြီးအား အရိုအသေပေးပြီး ကျိရန်ထွက်လာခဲ့လေသည်။

***

"မင်းသားလေး ဝမ်ရိပေါ် နိုင်ငံတော်အကြံပေး ကျိရန်က တွေ့ချင်လို့ပါ"

"ကောင်းပါပြီ ဝင်ခဲ့ပါ"

အထိန်းတော်ရဲ့ လျှောက်တင်သံပြီးတဲ့နောက် ပြန်ကြားရတဲ့ သြရှရှ အသံလေး။ဝင်ဝင်လာချင်းပင် ကျိရန်ဆီမှ မှတ်ချက်တစ်ခုထွက်လေသည်။

"ကြင်ယာတော်လောင်းလေး ကနုညံ့သားပဲ ရုပ်ဆင်းကလဲ ပြီးပြည့်စုံတယ်"

မျက်စိတွင် ပတ်တီးစီးထားပြီး သူ့အရှေ့တွင် ထိုင်ပြောနေသော ကျိရန်ကို ရိပေါ် အံ့သြသောမျက်လုံးများဖြင့်ကြည့်နေသည်။

"အို့ ကျွန်တော်က အထူးအဆန်းဖြစ်နေမလားတော့မသိဘူး မျက်စိနဲ့မဟုတ်ပဲ စိတ်နဲ့အာရုံခံပြောတာပါ"

ကျိရန်ရှင်းပြမှ ရိပေါ်က နားလည်သွားပုံရသည်။ ခေါင်းတဆတ်ဆတ်ငြိမ့်ပြီး စကားဆက်သည်။

"ဟုတ်ကဲ့ နိုင်ငံတော်အကြံပေးက တကယ်တော်တာပဲ နောက်ပြီး ကျွန်တော်လို့သုံးစရာမလိုပါဘူး ရိပေါ်လို့ခေါ်နိုင်ပါတယ်"

♡The Consort Of The Dragon King ♡Where stories live. Discover now