ရိပေါ် ကိုယ်ဝန်ဆောင်ရန်အတွက် အတွင်းအား လေ့ကျင့်မှုများကို အားကြိုးမာန်တတ် လုပ်နေရှာသည်။ အချိန်မှန်အိပ် အချိန်မှန်ထ၍ အာဟာရဖြစ်စေသော အစားအသောက်များကို ပုံမှန်စားရသည်။
ရှောင်းကျန့်က တော့ ရိပေါ်ပင်ပန်းရတာကို သိပ်လက်မခံချင်ပေ။ ကလေးလိုချင်တာမှန်ပေမဲ့ ရိပေါ်ထိခိုက်မှာကို ပိုကြောက်သည်။
"သမားတော် ဝမ်ချင် ကလေး အဆင်ပြေရဲ့လား"
"ပြေပါတယ် အတွင်းအားလည်း တိုးတတ်လာတယ်"
ဝမ်ချင်က ပြုံးပြီးဖြေပေမဲ့ ရှောင်းကျန့်က စိတ်မအေးနိုင်ပဲ မေးပြီးသား မေးခွန်းကို ထပ်မေးပြန်သည်။
"ဒီကိစ္စမှာ သူ့အတွက် တကယ် အန္တရာယ်မရှိပါဘူးနော်"
"မရှိပါဘူး အိမ်ရှေ့စံ သူသာ အပင်ပန်းခံနိုင်ရင်ပေါ့"
ဝမ်ချင် အဖြေကြောင့် အတွင်းအားကျင့်နေသော ရိပေါ်ကို ရှောင်းကျန့်စိတ်မသက်သာစွာ ကြည့်မိလေသည်။ ဒီလောက် နုညံ့တဲ့ ကလေးလေးက ဒီဒဏ်ကို ခံနိုင်မှာတဲ့လား။
"သူ ဘယ်လိုဆို သက်သာမလဲ "
"အတွင်းအားပေါ်မူတည်ပါတယ် အတွင်းအား ကောင်းရင်ကောင်းသလောက် သူသက်သာမှာပါ"
"ဒါပေမဲ့ သူက သာမှန် နတ်မျိုးနွယ်ကလေ မှော်အစွမ်းတွေနဲ့တောင် အကျွမ်းတဝင်မရှိဘူး သူ့ အတွင်းအားက တစ်နှစ်လောက်နဲ့ ဘယ်လောက် မြင့်လာမှာ မလို့လဲ"
ရှောင်းကျန့် အချက်ကျကျပြောလိုက်မိသည်။ အတွင်းအားကျင့်ခြင်းသည် လွယ်ကူတဲ့ ကိစ္စတော့မဟုတ်။
"မှန်ပါတယ် အိမ်ရှေ့စံ သူအခုတစ်နှစ်အတွင်း ကျင့်ရမယ့် အတွင်းအားက မှော်အစွမ်းတွေကို ခံနိုင်ရည်ရှိစေဖို့ပါပဲ ကိုယ်ဝန်ဆောင်မှုကြောင့် ရလာမယ့် အကျိုးဆက်တွေအတွက်တော့ အကူညီ မရနိုင်ပါဘူး "
ရှောင်းကျန့် ဒေါသထွက်သွားလေသည်။
"ဘာသဘောလဲ ဒါဆို ရိပေါ်က ဇွတ်တောင့်ခံနိုင်မှ ဖြစ်မှာပေါ့ ဘာလို့အစတည်းက မပြောရတာလဲ"
"ကျွန်မ ပြောပါတယ် ကြင်ယာတော်က ပြန်မပြောပြခဲ့ဘူလား"
ရိပေါ်က ရှောင်းကျန့်စိတ်ပူမှာစိုးလို့ မပြောခဲ့မှန်း ရှောင်းကျန့် သိလိုက်သည်။
आप पढ़ रहे हैं
♡The Consort Of The Dragon King ♡
रोमांसအလှပဆုံးနဲ့ အင်အားအကြီးဆုံးရဲ့ ပေါင်းဖက်မှုက ဘယ်လိုလုပ် လွယ်ကူနိုင်ပါ့မလဲ ..။