ကျန်းချန်ဝင်ဝင်သွားချင်း မြင်ရတဲ့ အပြုံး ဒီအပြုံးက သိပ်ကိုအေးချမ်းလွန်းတယ်။မျှော်နေခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီမဟုတ်လား။ကျန်းချန်ကိုမြင်တော့ ထိုအပြုံးမှာ ပျော်ရွှင်မှု၊ လွမ်းဆွတ်မှုနဲ့ အားနာမှုတွေပါရောစပ်နေသည်။
"အားချန်...."
ဖျော့တော့နေပေမယ့် ခေါ်သံက တည်ကြည် လွန်းလှသည်။
တိတ်ဆိတ်နေတဲ့ ကျောက်ဂူထဲမှာကြောင့်လားမသိ အသံက ပဲ့တင်ထပ်နေသယောင်။
"ဟိုက်ခွမ်းကောကော...."
ဘယ်အချိန်က တည်ရှိနေမှန်းမသိတဲ့ နာမ်စားတစ်ခုက နှုတ်မှအလိုလိုထွက်လာလေသည်။
"ဒီနားလာပါဦး"
ပြုံးလျက်ပင် ကလေးတစ်ယောက်ကိုပွေ့ချီရန် ခေါ်နေသလို လက်လှမ်းလာသည်။ ကျန်းချန် သူ့အနားကိုကပ်သွားတော့ လက်နှစ်ဖက်လုံးကိုဖွဖွ ဆုပ်ကိုင်ကာ မျက်နှာချင်းဆိုင်ထိုင်ချစေသည်။
"အရမ်းနောက်ကျနေပြီဆိုတာ သိတာမို့ ကိုယ်ခွင့်လွှတ်ဖို့တော့ မတောင်းဆိုရဲပါဘူး...ဒါပေမယ့် တောင်းပန်ပါတယ်ကွာ"
ကျန်းချန် မလှုပ်မယှတ် မမြင်တာကြာပြီဖြစ်တဲ့ အရည်လဲ့နေတဲ့ ထိုမျက်ဝန်းများကိုသာ စူးစူးစိုက်စိုက် ကြည့်နေမိလေသည်။ ဟိုက်ခွမ်း ကျန်းချန်ကို ရင်ခွင်ထဲ မြှုပ်နေအောင် ထည့်ဖက်ထားလိုက်မိသည်။
ထိုအခါမှ ကျန်းချန်သတိဝင်လာကာ ပြန်ဖက်ထားရင်း ရှိုက်ကြီးတငင်ငိုနေရှာသည်။
"ခင် ခင်ဗျားကြီးမကောင်းဘူး ဟင့် ကျွန်တော့်ကိုပစ်ထားရတာ ပျော်ရဲ့လား ဟင့်"
ပြောရင်း လက်များက မကျေနပ်စွာထုရိုက်နေမိသော်လည်း အားတော့မပါရက်ပေ။
"ကိုယ်တောင်းပန်ပါတယ် ..တကယ်တောင်းပန်ပါတယ်..အခုကစပြီး ကိုယ်က အားချန်အတွက်ပဲရှိနေပါ့မယ် ဘယ်တော့မှထပ်မပစ်ထားတော့ပါဘူး"
ကြားချင်နေခဲ့တာမှန်ပေမဲ့ ကျန်းချန် မပျော်နိုင်ပါ။ကျန်းချန်က ဖက်ထားရာမှ ခွာလိုက်ပြီး ဟိုက်ခွမ်း မျက်နှာကိုစိုက်ကြည့်လျက်
ESTÁS LEYENDO
♡The Consort Of The Dragon King ♡
Romanceအလှပဆုံးနဲ့ အင်အားအကြီးဆုံးရဲ့ ပေါင်းဖက်မှုက ဘယ်လိုလုပ် လွယ်ကူနိုင်ပါ့မလဲ ..။