အပြန်လမ်း ဝေါယာဉ်ပေါ်တွင် မျက်နှာမကောင်းသော ရိပေါ်ကြောင့် ရှောင်းကျန့် စိတ်ပူမိသည်။
"ကလေး နေမကောင်းလို့လား"
"မဟုတ်ပါဘူး နဲနဲခေါင်းမူးနေလို့"
"ခနနေရောက်ပြီနော် ကလေး ရောက်မှ သမားတော် ဝမ်ချင် ကိုခေါ်ပေးမယ်"
"အင်း"
"မင်းသားလေး အဆင်ပြေရဲ့လား"
ပြောရင်းနှင့် ဝေါယာဉ် ပြတင်းပေါက်မှ ရိပေါ် ဆီလက်လှမ်းလာတဲ့ ဟောက်ရွှမ်းကို ကျန်းချန် လှမ်းဟန့်လိုက်သည်။"ကိုယ့်နေရာကိုယ်နေ တော်ဝင်မျိုးနွယ်တွေကို ထိချင်တိုင်း ထိခွင့်မရှိဘူး"
ထိုအခါမှ ဟောက်ရွှမ်းက လက်ကိုနောက်ဆုတ်လိုက်သည်။
"ရောက်ပြီ ကလေး လမ်းလျှောက်နိုင်လားဟင်"
"ဟင် အင်းကိုကို"
"တကယ်ရရဲ့လား ကိုယ်ပွေ့မယ်လေ"
ရှောင်းကျန့်ရိပေါ်ကို ဘယ်လောက်ချစ်ကြောင်း အမူအရာလေးတွေကအစ သိသာသည်။
"ရတယ် ခေါင်းလေးနဲနဲပဲမူးတာပါ"
ရှောင်းကျန့်လည်း ရိပေါ်ကိုတွဲပေးရင်း ဝင်လာသည်။
...........................
ကျိရန် အိပ်နေစဉ် ရင်ထဲ ရုတ်တရက် လေးပင်လာသလိုခံစားရသည်။ရုတ်တရက် လန့်နိုးကာထထိုင်လိုက်သော ကျိရန် ကြောင့် ဘေးက အထိန်းတော်များ ပြာယာခက်ကုန်သည်။"အကြံပေးကျိရန် အဆင်ပြေရဲ့လား "
ချွေးများရုတ်တရက်ပြန်လာသော သူ့ကိုယ်သူလဲ နားမလည်နိုင်။
"ရတယ် ရတယ် ဘာမှမဖြစ်ဘူး ရေပဲယူလာပေးပါ"
အထိန်းတော်များထွက်သွားမှတစ်ယောက်ထဲရေရွတ်မိသည်။
"မကောင်းတာတစ်ခုခုဖြစ်လာတော့မယ်"
"ရေရပါပြီ"
"ကောင်းပြီ မင်းသားလေးနဲ့ ကြင်ယာတော်ပြန်လာပြီလား"
"ဟုတ်ကဲ့ အခုလေးတင်ရောက်ပါတယ် "
သူမစောင့်နိုင်တော့တာမလို့ ချက်ချင်းသွားတွေ့ရန် ဆုံးဖြတ်လိုက်သည်။
ESTÁS LEYENDO
♡The Consort Of The Dragon King ♡
Romanceအလှပဆုံးနဲ့ အင်အားအကြီးဆုံးရဲ့ ပေါင်းဖက်မှုက ဘယ်လိုလုပ် လွယ်ကူနိုင်ပါ့မလဲ ..။