Part 13(Zaw/Uni)

7.7K 621 61
                                    

ကျိရန် နှင့်မင်းကြီး စိတ်ရှည်စွာ စောင့်နေသည်မှာ ညနေမှောင်စပင်ပျိုးနေပြီဖြစ်သည်။ ကျန်းချန်မှာ အရိပ်ယောင်တောင် ပေါ်မလာခဲ့ပေ။

ကျိရန်လည်း ဟောင်ရွှမ်းအား စိတ်ပူတာကြောင့် စိတ်မငြိမ်ဖြစ်နေလေသည်။

"မင်းကြီး ကိုယ်ရံတပ်မှူးဆီက လူလွှတ်လိုက်ပါတယ်"

အထိန်းတော်ဆီက သတင်းပို့သံကြောင့် ကျိရန် မတ်တပ်ထရပ်လိုက်မိသည်။

"ကောင်းပြီ ဝင်လာခိုင်းလိုက်"

နက်ပြာရောင် ဝတ်စုံဝတ်ထားသော ကိုယ်ရံတော်တပ်သားတစ်ယောက်ဝင်လာလေသည်။

"မင်းကြီး အကြံပေး"

တပ်သားလေးက နှစ်ယောက်လုံးကို ဦးညွှတ်၍ ဓားတစ်လက်ကို လှမ်းပေးသည်။

"ဒါက..."

မင်းကြီးက မေးလေသည်။

"မင်းကြီးဘာများလဲ ကျွန်တော်ကြည့်ပါရစေ"

ကျိရန် သိချင်စိတ်ကြောင့် တပ်သားဆီက ပေးတဲ့အရာကို တောင်းယူလိုက်သည်။မင်းကြီးလည်း ကျိရန်လက်ထဲကို ဓားကိုထည့်ပေးလိုက်လေသည်။

အကြံပေးဖြစ်သည့်အလျှောက် ဓားကို ကိုင်လိုက်ရုံဖြင့် ဟောက်ရွှမ်းဓားမှန်းသိလေသည်။

"ဒါ ကိုယ်ရံတော်တပ်ချုပ်ကပေးခိုင်းတာပါ မင်းကြီး ကျွန်တော်တို့လိုက်ရှာရင်းနဲ့ တောထဲမှာ တွေ့ခဲ့တာပါ ဘေးမှာသွေးစက်အချို့လည်းတွေ့ပါတယ် အဲ့ဒါကိုယ်ရံတော်ချုပ်က အခြားသူတွေနဲ့ ဆက်လိုက်သွားပါတယ် ကျွန်တော်အသိလာပေးတာပါ"

ထိုစကားကို ကြားတော့ ကျိရန် ခြေပင်မခိုင်ချင်ဖြစ်သွားသည်။ သွေးစက်တွေဆိုတဲ့ စကားက သူ့အသိစိတ်တွေကို လွှမ်းမိုးသွားသည်။

"ဒါဆိုမဖြစ်ဘူး ဗန်ချောင်းလက်ချက်ပဲဖြစ်မယ်...တပ်ကူလိုမှာပေါ့ တပ်၃တပ်ကိုရင်ပြင်မှာ ပြင်ထားခိုင်းလိုက်ပါ အထိန်းတော်"

မင်းကြီးစိတ်လည်း ပူသလို ဒေါသလည်း ထွက်မိလေသည်။ မိမိအရှေ့ထိရောက်လာပါလျက် မကာကွယ်လိုက်နိုင်တာ နာသည်။

ထိုတပ်သားလည်း လိုက်ထွက်သွားလေသည်။

"ကျွန်တော်လိုက်သွားပါရစေ မင်းကြီး"

♡The Consort Of The Dragon King ♡Donde viven las historias. Descúbrelo ahora