Part 3(Zaw/Uni)

12.3K 1K 47
                                    

ရိပေါ် နိုးလာတော့ ရှောင်းကျန့် ရင်ခွင်ထဲတွက်ညကအတိုင်းရှိနေသည်။

အိပ်မောကျနေသော ရှောင်းကျန့် မျက်နှာ အစိတ်အပိုင်းတစ်ခုစီကို သဘောကျစွာ လိုက်ကြည့်နေမိသည်။

နှုတ်ခမ်းလေးက ရုတ်တရက်လှုပ်လာတာကြောင့် ချက်ချင်းပင် အိပ်ချင်ယောင်ဆောင်လိုက်သည်။

ရှောင်းကျန့်ကနှဖူးပြင်လေးကို ခပ်ဖွဖွ နမ်းလိုက်သည်။ မမျှော်လင့်ထားသည်မို့ ရိပေါ် လန့်ပြီး မျက်လုံးပြူးလာသည်။

ထိုအခါမှ ရှောင်းကျန့် က ရိပေါ် အိပ်ပျော်နေခြင်းမဟုတ်မှန်း ရိပ်မိတော့သည်။မျက်လုံးပြူးလေးနှင့် သူ့ကိုစိုက်ကြည့်နေပုံက မွေးခင်းစ ကလေးငယ်လေးကဲ့သို့ပင်။

"ကလေးလေး အိပ်ချင်ယောင်ဆောင်နေတာပေါ့လေ"

"အမ်....အာ....ဟို ဟိုဟာ မ မဟုတ်ပါဘူး"
ထစ်ထစ်ငေါ့ငေါ့ပြောရင်းက မျက်နှာနှင့် နားရွက်လေးများ ရဲတတ်လာသည်။ အူယားလွန်းလို့ ရှောင်းကျန့် ပိုစချင်လာမိသည်။

"ဟက် ကလေးတစ်ယောက် လူမိပြီး ရှက်နေပါပြီ"

"အာ ကိုကို ဘာလူမိတာလဲ ကျွန်တော် ဘာမှမလုပ်ဘူးလေ"

"ဘယ်သိနိုင်မလဲ မလုပ်လိုက်ရတာလဲဖြစ်နိုင်တာပဲ ကလေးက အဲ့ဒါဆို ဘာလို့ အိပ်ချင်ယောင်ဆောင်နေတာလဲ"

"ရုတ်တရက်မလို့ ဘာလုပ်ရမှန်းမသိလို့ပါ"

"အဲ့ဒါဆို ဘာလုပ်ရမလဲဆိုတာ ကိုကို သင်ပေးမယ်လေ"
ရှောင်းကျန့် ပြောရင်းနှင့်ပင် ရိပေါ် ကိုယ်ပေါ် အုပ်မိုးထားလိုက်သည်။

ရိပေါ်၏နှုတ်ခမ်းလေးဆီ ဦးတည်၍ တို့ကပ်လာသည်။

ဒေါက် ဒေါက်!!

"ရှောင်းကျန့်"

တံခါးခေါက်သံနှင့်အတူထွက်လာသော ကျန်းချန်အသံကြောင့် နီးကပ်နေတဲ့ ကိုယ်လေးနှစ်ခု ခွာလိုက်ရသည်။ ရိပေါ်ကတော့ ရှောင်းကျန့်ကိုကြည့်ပြီး ပြုံးစိစိဖြစ်နေတော့သည်။

မကျေမနပ် ဆူပုတ်ပုတ်မျက်နှာဖြင့် ရှောင်းကျန့် တံခါးဖွင့်ရင်း ထပြောသည်။

♡The Consort Of The Dragon King ♡Onde histórias criam vida. Descubra agora