"အို့....ဒါဘယ်သူပါ့လိမ့် တိုင်းပြည်များကြားမှာ ကောင်းသောဂုဏ်သတင်းနဲ့ ကျော်ကြားပြီး ငါလိုချင်တာမှန်သမျှလိုက်လုယူနေတဲ့ ကြီးမြတ်သောနဂါးပြာ အိမ်ရှေ့စံ ရှောင်းကျန့်ပါလား"
ဗန်ချောင်း၏ ခနဲ့တဲ့တဲ့ အသံထဲမှာ ဒေါသသံအနည်းငယ် ပါနေသလို ရှိသည်။
"ရှောင်းကျန့် ဘယ်လိုလုပ်ကြမလဲ"
ကျန်းချန်က နားနားကပ်မေးလေသည်။
"ဒါနဲ့ ဂဠုန်နီတိုင်းပြည်က ဘာကိစ္စနဲ့မှ မဖိတ်ကြားမိပါဘူး ဘာများအလိုရှိလို့ခိုးကြောင်ခိုးဝှက်နဲ့ရောက်လာရတာလဲ"
ရှောင်းကျန့် ဘာမှမဖြေပဲ စဉ်းစားနေစဉ် ဗန်ချောင်းက ဆက်ပြောလာပြန်သည်။ အသာစီးရသည်ဆိုတိုင်း တမင် ဖိနှိပ်ပြောနေလေသည်။
*ငါသာကျိန်စာအကြောင်းတိုက်ရိုက်ပြောလိုက်ရင် သူက သူ့သွေးမထွက်အောင် လုပ်လိမ့်မယ်..အဲ့တော့ ငါသွယ်ဝိုက်ပြီးသူသွေးရအောင် လုပ်ရလိမ်မယ် *
ရှောင်းကျန့် အသံတိတ်တွေးမိလိုက်သည်။ သူရင်ဆိုင်ရမည့်သူက ယုတ်မာ ကောက်ကျစ်တာမလို့ သတိထားရသည်။
"ဒါနဲ့ ဂဠုန်နီမင်းသားဗန်ချောင်း အခုတလော နာမည်ကြီးနေတဲ့ မှော်ဓာတ်လုံးနီဆိုတာ တကယ်ရောရှိရဲ့လား ဘယ်သူမှလဲ မမြင်ဖူးဘူးလို့ကြားတယ်နော် အလိမ်ညာတွေများလား"
သူတို့ လိုရင်းကို မရိပ်မိစေရန် ရှောင်းကျန့် အခြားအရာတစ်ခုကို အာရုံပြောင်းစေလိုက်သည်။
"အခုက သူများမှော်ဓာတ်လုံးအကြောင်းကို စိတ်ဝင်စားနေရမယ့် အချိန်လား"
ပိန်ရှင်း နားမလည်နိုင်သည့်ပုံစံဖြင့် ဖန်ရှင်းနားနား ကပ်ပြောလေသည်။
"အာ ကောကလဲ ရှောင်းကျန့်ကောက အကြံတစ်ခုခုရှိလို့နေမှာပေါ့ စောင့်ကြည့်နေ"
"နေပါဦး မင်းက ငါ့နန်းတော်ထဲဝင်လာပြီး ငါ့ဓာတ်လုံးအကြောင်းမေးနေတာလား... မဟုတ်မှလွဲရော မင်းလို ဂုဏ်သရေရှိပုဂ္ဂိုလ်က သူများဓာတ်လုံးကိုလိုချင်နေတာလား??"
ကျန်းချန်ဒေါသထွက်ကာ ဓားထုတ်ရန်ပြင်တော့ ရှောင်းကျန့်က ခေါင်းအသာရမ်းပြလေသည်။
YOU ARE READING
♡The Consort Of The Dragon King ♡
Romanceအလှပဆုံးနဲ့ အင်အားအကြီးဆုံးရဲ့ ပေါင်းဖက်မှုက ဘယ်လိုလုပ် လွယ်ကူနိုင်ပါ့မလဲ ..။