ရှောင်းကျန့် အခန်းထဲရောက်တာနဲ့ မြင်လိုက်ရတဲ့ အရာတွေကြောင့် ချက်ချင်းပင် ရိပေါ် ခန္ဓာကိုယ်နဲ့ အနီရောင်အမျှင်များကြားကို မှော်စွမ်းအားနဲ့ကာကွယ်လိုက်တယ်။
အိပ်ပျော်နေသော ရိပေါ်ကတော့ ဘာမှမသိရှာပါ။
အမျှင်တန်းများလာရာဖက်ကိုကြည့်လိုက်တော့ ခပ်ရိပ်ရိပ်သာမြင်လိုက်ရသည်။
ရှောင်းကျန့်လိုက်သွားဖို့ပြင်လိုက်ပေမဲ့ ရိပေါ်ကို စိတ်မချတာကြောင့် ရိပေါ် ဘေးမှာဝင်ထိုင်လိုက်တယ်။
"ကိုယ့်ကြောင့်နဲ့များကလေး ဒုက္ခရောက်တော့မလား ကလေးရယ်"
ရှောင်းကျန့်က အရမ်းထူးချွန်ပြီးထင်ရှားသော မင်းသားတစ်ပါးဖြစ်တာကြောင့် ပြိုင်ဆိုင်သူများလှသည်။ထိုကြောင့် ရိပေါ်လေး သူ့ကြောင့်ထိခိုက်မှာကိုစိုးရိမ်မိသည်။
ထိုအတွေးများကြောင့် ရှောင်းကျန့် မနက်လင်းခါနီးမှအိပ်ပျော်သည်။
***
နိုးလာတော့ ရိပေါ် ကိုဘေးမှာမတွေ့တာကြောင့်အတော်လန့်သွားသည်။မနေ့ညက အဖြစ်အပျက်တွေကြောင့် သူ့အနားကကို မခွာစေချင်သည်မှာ အမှန်။
"ကလေး ကလေး"
ခနအကြာမှ ရိပေါ် အခန်းထဲဝင်လာသည်။
"အော် ကိုကို နိုးလာပြီလား"
ရိပေါ် မျက်နှာက ဘာမှမဖြစ်ခဲ့သလို ကြည်လင်နေသည်။
"ဘယ်သွားတာလဲ ကလေးရယ် ကိုယ်လန့်သွားတာပဲ"
"မလန့်ပါနဲ့ဗျာ ကျွန်တော်အဆင်ပြေပါတယ်"
ရိပေါ်၏စကားပြောပုံကတစ်မျိုးဖြစ်နေသည်ကို ရှောင်းကျန့် သတိထားမိသည်။ကိုယ်ပဲ အစိုးရိမ်လွန်နေသည်အထင်နှင့် မေ့ထားလိုက်သည်။
***
ဒီလိုနှင့်ပင် ရိပေါ် ပြောင်းလဲလာတာ တစ်လပင်ရှိခဲ့ပြီ။ သူ့အတွက် ပြန်ကုသဖို့လုပ်တိုင်း နေမကောင်းဘူးသာ ဆိုလာတာကြောင့် ရှောင်းကျန့်က အချိန်နောက်ဆုတ်ရသည်။
ဖန်ရှင်းကိုပင် ခက်ထန်စွာ ပြောဆိုသည်။ ဝမ်ချင်နှင့် ကျိရန် ကိုလုံးဝအတွေ့မခံ။
YOU ARE READING
♡The Consort Of The Dragon King ♡
Romanceအလှပဆုံးနဲ့ အင်အားအကြီးဆုံးရဲ့ ပေါင်းဖက်မှုက ဘယ်လိုလုပ် လွယ်ကူနိုင်ပါ့မလဲ ..။