Part 6(Zaw/ Uni)

9K 862 67
                                    

ရိပေါ် အကုန်ပြင်ဆင်ပြီးထွက်လာတော့ ရှောင်းကျန့်က အခန်းအရှေ့မှာ ခေါက်တုန့်ခေါက်ပြန်လျှောက်နေသည်။

"ကိုကို "

"အင်း ကလေးလေး ပြီးပြီလား "

"အွန်း သွားစို့လေ"

ရှောင်းကျန့် ဆေးမရောက်လာသေးသောကြောင့်အချိန်ဆွဲချင်သော်လဲ အဆင်မပြေတာမို့ထွက်လာရသည်။

"လာ သွားမယ် "

စားသောက်ဆောင်ထဲတွင် ရှောင်းကျန့် တစ်ယောက် ဂဏှာမငြိမ်ဖြစ်နေသည်။ခနကြာတော့ ကျိရန် က ဝင်လာသည်။ ကျိရန် ဝင်လာသည်နှင့် ရိပေါ် ခေါင်းငုံ့ကာ ငြိမ်သွားသည်။

"သားတော် "

"ဗျာ...ဗျာပါး"

"စားမကောင်းလို့လား သိပ်လဲမစားဘူး"

ရှောင်းကျန့် စိတ်က တခြားရောက်နေသည်မလို့ ထမင်းပင်ကောင်းကောင်း မစားဖြစ်။ ထို့ကြောင့် မင်းကြီးက စိတ်ပူစွာမေးလာခြင်းဖြစ်သည်။

"မဟုတ်ပါဘူး ကောင်းပါတယ်"

"အေးပါ"

အနားမှာရှိနေတဲ့ ရှောင်းကျန့် မျက်နှာကို အကဲခက်ရင်း အလိုက်သိသော ကျိရန်က

"မင်းသားလေး နေများမကောင်းလို့လား"

ရင်းနီးသော်ငြား အများအရှေ့တွင်တော့ အခေါ်အဝေါ်ပြောင်းရသည်။

"ဟမ် ကျွန်တော် နေကောင်း..."

ရှောင်းကျန့်က ငြင်းမယ်လုပ်တော့ ကျိရန်က မျက်စလှမ်းပစ်ရင်းသွားခိုင်းလေသည်။

"အ်ာဟုတ်တယ် နည်းနည်း နေလို့မကောင်းလို့"

ထိုအသံကြားတော့ ရိပေါ်က  စိတ်ပူသွားလေသည်။ ကျိရန်နားမှလဲ ထွက်လာချင်ပြီမလို့ ရှောင်းကျန့်ကိုပြန်ရန်ခေါ်လိုက်သည်။

"ဟင် ကိုကိုနေမကောင်းဘူးလား ရိပေါ်ကို ဘာလို့မပြောတာလဲ"

ရှောင်းကျန့်လည်း အလိုက်သင့်ပြန်ထိန်းလိုက်သည်။

"အော်ကိုကို ဘာမှမဖြစ်ပါဘူး စိတ်မပူနဲ့နော်"

"လာလာ နေမကောင်းရင် အခန်းပြန်မယ် ကလေးနဲ့အတူ "

♡The Consort Of The Dragon King ♡Donde viven las historias. Descúbrelo ahora