ရိပေါ် အတွင်းအားကျင့်စဉ် တစ်နှစ်ပြည့်ပြီး၍ သုံးပါတ်ပင်ရှိပြီဖြစ်သည်။ ရှောင်းကျန့်ဖက်က ဘာမှမလှုပ်ရှားပေ။
ရှောင်းကျန့်က မှော်တန်ခိုးများနှင့် ထိတွေ့ရမှာကို မလိုလားခဲ့ပေ။ ရိပေါ်ဖက်ကသာ စတင်တောင်းဆိုရန်
ဆုံးဖြတ်ရလေသည်။"ကိုကို "
"အင်း ကလေး"
"ကလေးတို့ စကြရအောင်လေ"
ပြောသာပြောလိုက်သော်လည်း ဖြူဖွေးနေသော ရိပေါ် ပါးက ချက်ချင်းနီသွားလေသည်။
"ကလေး တကယ် လက်ခံနိုင်မှာလား ဥပေါက်တဲ့ထိဆို နှစ်၃၀၀သို့မဟုတ် ၄၀၀ကျာ် ထိကြာသွားနိုင်တယ်နော်"
ရှောင်းကျန့် အထပ်ထပ်အခါခါ မေးနေမိသည်။ စိတ်အားထက်သန်နေမှုတစ်ခုထဲက နှစ်ပေါင်းရာချီအတွက် အာမမခံနိုင်။
"လက်ခံနိုင်ပါတယ် ကိုကိုနဲ့ ကလေးရဲ့ မျိုးဆက်သစ်လေးကို လိုချင်တယ် ကိုကို"
ရိပေါ်က တွေဝေခြင်းမရှိပဲ ပြုံးရွှင်စွာဖြေလာတာမလို့ ရှောင်းကျန့် ဆုံးဖြတ်လိုက်တော့သည်။ ဒီကလေးငယ်လေး လိုချင်တာကိုသာ ဖြည့်ဆည်းမည်။
"ကောင်းပြီ ကိုကိုလည်း ကလေးကို အပင်ပန်းမခံနိုင်ဘူး ဒါပေမယ့် ကလေးကလိုချင်တယ်ဆို စတာပေါ့"
ရိပေါ် နှုတ်ခမ်းထံသို့ နုညံ့သော အနမ်းတစ်ပွင့်ကျရောက်လာလေသည်။ ထိုမှတဆင့် ပျော်စရာများကို တစ်ညလုံး ဖန်တီးခဲ့ကြလေသည်။ နုညံ့လွန်းတဲ့ ရှောင်းကျန့်က ရိပေါ်ရဲ့သာယာမှုကိုသာ ဦးစားပေးခဲ့သည်။
***
"ကလေး "
မနက်နိုးတော့ ရှောင်းကျန့်မိမိရင်ခွင်ထဲတွင် ယွစိယွစိနှင့် လှုပ်ရှားနေသော အကောင်ပေါက်စလေးကို ခေါ်လိုက်သည်။
"အွန်းးး"
"နိုးပြီလား နာနေသေးလားဟင်"
ရှောင်းကျန့်အမေးကြောင့် ရိပေါ်က ညကကိစ္စများကို သတိရကာရင်ခွင်ထဲကိုမျက်နှာပြန် အပ်လိုက်ပြီး
"ဟင့်အင်း နည်းနည်းတော့ တစ်မျိုးကြီးဖြစ်နေပေမယ့် အရမ်း မနာတော့ဘူး "
ESTÁS LEYENDO
♡The Consort Of The Dragon King ♡
Romanceအလှပဆုံးနဲ့ အင်အားအကြီးဆုံးရဲ့ ပေါင်းဖက်မှုက ဘယ်လိုလုပ် လွယ်ကူနိုင်ပါ့မလဲ ..။