ရှောင်းကျန့် အမေးကြောင့် လန့်ဟွမ့်တို့ရော ပိန်ရှင်းတို့ပါ နားမလည်နိုင်စွာ ကြောင်ကြည့်နေ မိတော့သည်။ အားလုံး အံ့သြနေပေမဲ့ မအံ့သြသူက
ဝမ်ချင်ပင်။ရိပေါ် ကိုယ်ဝန်ဆောင်ခြင်းလုပ်ငန်းစဉ်မှာထဲက
ဝမ်ချင် ရိပ်မိနေပြီဖြစ်သည်။ ရှောင်းကျန့်က ရိပေါ်အတွက် အတွင်းအားများ လွှဲပေးခဲ့သည်မှာ အမှန်ပင်။"ကိုကို ဘာတွေမေးနေတာလဲ ရိပေါ်လေ ကိုကို့ရဲ့ ကြင်ယာတော်လေ မနောက်ပါနဲ့ဗျာ"
ရိပေါ်က မယုံသလို မျက်လုံးများဖြင့် သမီးလေးကို ပိုက်ကာ ပြောလာသည်။
"....."
ရှောင်းကျန့်က ရိပေါ်ပြောသမျှကို ဘာမှနားမလည်သလိုသာ ကြောင်သာကြည့်နေလေသည်။ ဝမ်ချင်က အခြေနေတွေ ရှုပ်ထွေးကုန်မှာစိုးတာကြောင့် ဝင်၍ ထိန်းလိုက်သည်။
"ကြင်ယာတော်ရိပေါ် ခနလေး စိတ်အေးအေးထားပါ
ကျွန်မနဲ့ ခန စကားပြောရအောင်""သမားတော် ကိုကို ဟို ကိုကိုက..."
ဝမ်ချင် ဆက်မပြောရန် ခေါင်းကိုသာ ခပ်စစ ခါပြပြီး တားလိုက်သည်။ ဟိုက်ခွမ်းက ဝမ်ချင်ကို ကြည့်ကာ ပြဿနာတစ်ခုခုရှိမှန်း ရိပ်မိတာမလို့
"ညီတော် ပင်ပန်းသွားပြီ အကိုတော် ဂုဏ်ပြုပါတယ် အနားယူပါဦး"
ရိပေါ်ကို လှည့်မကြည့်ပဲ ပြုံးပြုံးရွှင်ရွှင်ပင် ဟိုက်ခွမ်းနှင့် စကားပြောရင်း ဝင်သွားလေသည်။
***
"ကောကော အိမ်ရှေ့စံက ဘာဖြစ်တာလဲဟင်"
ဟောက်ရွှမ်းက ရှောင်းကျန့်ကို မကျေမနပ်ကြည့်ရင်း ကျိရန်ကို တိုးတိုးကပ်ပြောလေသည်။ ရိပေါ်မျှော်နေခဲ့တာကို မျက်မြင်ကိုယ်တွေ့မလို့ သူတို့ သနားနေကြသည်။
"ကောကောလည်း မသိဘူး ရွှမ်းလေးရဲ့ ဒါပေမဲ့ ရိပေါ်သနားပါတယ် သူမျှော်နေခဲ့တာကို"
"အွန်း..."
ဟောက်ရွှမ်းက လေးပင်စွာ ပြန်ဖြေသည်။
"ဒါနဲ့ ရွှမ်းလေးရော ကောကောတို့အကြောင်းတွေ သတိရပြီလား"
"အင်း သတိရသလိုလိုပဲ ဒါပေမဲ့လေ"
YOU ARE READING
♡The Consort Of The Dragon King ♡
Romanceအလှပဆုံးနဲ့ အင်အားအကြီးဆုံးရဲ့ ပေါင်းဖက်မှုက ဘယ်လိုလုပ် လွယ်ကူနိုင်ပါ့မလဲ ..။