အခန်းထဲရောက်သည်နှင့် ရှောင်းကျန့် သက်ပြင်းရှည်ကြီး တစ်ခုကိုချလျက် ရိပေါ် မျက်နှာကိုသေချာကြည့်ရင်း
"ကလေးလေး "
"အင်း ကိုကို"
"အခုတလော တစ်ခုခုများ အလိုမကျတာရှိနေလို့လား"
စိုးရိမ်စွာမေးနေမိပေမဲ့ ရိပေါ်က ရှောင်းကျန့်အရှေ့ရောက်ရင်လည်း အမူအရာက ပြောင်းလဲသွားပြန်သည်။
"ဘာလို့လဲ ကိုကိုရဲ့"
"ဒီလိုပါပဲ ကလေး အခုတလော ဒေါသတွေကြီးနေလို့ပါ"
ရှောင်းကျန့်က လေသံအေးအေးဖြင့်သာ ပြောနေပေမဲ့ရိပေါ် မျက်နှာချက်ချင်းတင်းမားလာသည်။
"ဘာလဲ ကိုကိုက ကလေးမကောင်းဘူးလို့ပြောချင်တာလား"
"မ မဟုတ်ပါဘူး ကလေးရယ် ကိုယ်က ကလေးကိုစိတ်ပူလို့ပါ"
ရိပေါ် စိတ်ဆိုးနေပုံဖြင့်သာ ရှောင်းကျန့် ကိုဆက်ကြည့်နေသည်။ နုနုညံ့ညံ့သာ ပြုံးတတ်တဲ့ ကလေးလေးမှာ အခုတော့ တွန့်ချိုးနေတဲ့ မျက်ခုံး တစ်စုံနဲ့ပေါ့။
"........"
"ဟုတ်ပြီ ဟုတ်ပြီ ကလေးပင်ပန်းနေရောပေါ့ အိပ်တော့လေ"
ရှောင်းကျန့်ဆက်ပြောဖို့ အဆင်မပြေတော့တာမလို့ ရိပေါ်ကို သေချာ သိပ်ကာ အိပ်ပျော်လောက်သည့် အချိန်မှ ကျိရန် ဆီလာခဲ့သည်။
***
"ကျိရန် ကော ကျွန်တော် ဝင်လာလို့ရမလား"
ရှောင်းကျန့် ကျိရန်၏ အဆောင်အရှေ့ရောက်တော့ အစေခံများကို မတွေ့တာမလို့ ကိုယ်တိုင်သာ ခွင့်တောင်းလိုက်သည်။ ကျိရန်က သူ့ကို စောင့်ရှောက်ခံဘဝနဲ့ မနေချင်တာကြောင့် အခြွေရံ နည်းနည်းသာထားပြီး ထိုနည်းနည်းကိုလည်း ရင်ရသလို ဖယ်ထုတ်နေတတ်သည်။
"အင်း ရှောင်းကျန့် ဝင်ခဲ့လေ"
"ဒီအချိန်ကြီးလာရလို့ အနှောက်ယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်"
ရှောင်းကျန့်ပြောရင်း ခုံတစ်ခုံမှာ ဝင်ထိုက်လိုက်သည်။
"မလိုပါဘူး ကောလဲ မအိပ်သေးဘူး"
"ဟိုလေ ကျွန်တော်..."
CZYTASZ
♡The Consort Of The Dragon King ♡
Romansအလှပဆုံးနဲ့ အင်အားအကြီးဆုံးရဲ့ ပေါင်းဖက်မှုက ဘယ်လိုလုပ် လွယ်ကူနိုင်ပါ့မလဲ ..။