Part 7(Zaw/Uni)

9.1K 799 73
                                    

"ဟောက်ရွှမ်း မင်းဘာဖြစ်လာတာလဲ"

ရှောင်းကျန့် မေးလိုက်သည်။

ဟောက်ရွှမ်း တစ်ကိုယ်လုံး ချွေးများနစ်နေပြီး မျက်လုံးများမှလည်း ချွေးများစီးကျတာကြောင့်ရော နာကျင်မှုကြောင့်ပါ မျက်ရည်များ ဝိုင်း၍ နီရဲနေသည်။

ကျိရန်ကတော့ ရပ်လိုက်လျှင် ကျိန်စာပိုဆိုးသွားမှာစိုးသော ကြောင့်ဆက်ရွတ်နေဆဲ။

"တော် ဟင်း.... တော်တော့! ဒီလိုရွတ်နေတာ ကုသရာ မ...မရောက် ဘူး ဟင်း...ပို ပိုဆိုး လာရင် ရိပေါ် ရော ကျွန်တော်ရော အသက်...ရှင်မှာ မဟုတ်ဘူး..."

ဟောက်ရွှမ်း အားတင်း၍ပြော ပြီးနောက်ချက်ချင်းလဲကျသွားသည်။

"ဟောက်ရွှမ်း!!"

ဝမ်ချင် အော်၍ လှမ်းထိန်းပေးလိုက်သည်။ ဟောက်ရွှမ်းရဲ့ စကားတွေကြောင့် ကျိရန်လည်း ချက်ချင်းရပ်လိုက်သည်။ ထိုအချိန်မှ ရိပေါ်လည်း ရုန်းကန်နေရာမှ
ငြိမ်ကျသွားသည်။

"ကျိရန် ကော ဘာတွေလဲ
ကလေး အဆင်ပြေပါ့မလား"

ရှောင်းကျန့် စိတ်ပူသွားတာကြောင့် မြန်မြန် မေးမိတော့ ကျိရန်က ရိပေါ်ဘေးမှဖယ်ကာ ဝမ်ချင်ကို စမ်းသပ်စေသည်။

"ဝမ်ချင် စမ်းသပ်ကြည့်ပါဦး"

"ဟောက်ရွှမ်းရော ရိပေါ်ရော အရမ်းအားနည်း
နေပြီ ဆေးတိုက်ပြီး အနားပေးရအောင်"

ဝမ်ချင်စကားကို ရှောင်းကျန့်ရော ကျိရန်ပါ လက်ခံလိုက်ကြသည်။

"ကောင်းပြီ ဟောက်ရွှမ်းကို ဟိုဘက် ကုတင်ပေါ်တင်လိုက်မယ်"

ပြောပြီးနောက် ကျိရန်နှင့် ရှောင်းကျန့်က ဟောက်ရွှမ်း ကိုပွေ့ကာ ကုတင်ပေါ်တင်လိုက်သည်။ ဟောက်ရွှမ်းကို ကြည့်ရင်း ကျိရန် စိတ်မကောင်း ဖြစ်နေသည်။

"ကျွန်မ ဆေးသွားယူလာခဲ့ပါ့မယ်"

ဝမ်ချင်ပြောပြီးထွက်သွားသည်။

ရှောင်းကျန့်က ပုဝါယူ၍ ရိပေါ်၏ ချွေးများကိုသုပ်ပေးရင်း စိတ်မကောင်းစွာ ကြည့်နေမိသည်။

ကျိရန်လည်း ချွေးများဖြင့် မေ့မြောနေသော ဟောက်ရွှမ်းကို ကြည့်ရင်း တစ်စုံတစ်ရာသောခံစားချက်ကို
ခံစားနေရသည်။

♡The Consort Of The Dragon King ♡Donde viven las historias. Descúbrelo ahora