Chapter 27.2
ဝမ်ချောင်ရဲ့ ရာဇသံကို ရပြီးပြီး ချင်း.. ဝေ့ရင်း ဦးနှောက်ကို အမြန်အလုပ်ပေးရသည်...
ဘယိလို အရာတွေ.. ဘာတွေနဲ့ .. သူကို ဘယ်လိုလုပ်ရင်ကောင်းမလဲ...ဝေ့၀ူရှန့်တစ်ယောက် ဆိုဖာပေါ် ခြေချိတ်ထိုင်ပြီး အေးအေးဆေးဆေး စဉ်းစားနေပေမယ့်.... မျက်စိရှေ့မှာ ဂနာမငြိမ်ဖြစ်နေတာက ကျန်းချန်... ဖုန်းကို ကိုင်လိုက် ချလိုက်.. ဟိုဘက်ထသွားလိုက်.. ဒီဘက်ပြန်လျှောက်လာလိုက်နက့်...
တော်ပြီ အဲ့တစ်ယောက်ကို ဝေ့ရင်း လွှတ်ထားလိုက်သည်.. ကွကိုတောင် မနည်း စိတ်လျော့ ထားရတာ ဒီကိစ္စကို ဘယ်လို ပုံစံနက့်ဖြေ ရှင်းရမလဲဆိုတာ ခေါင်းအေးအေးထားက စဉ်းစားနေရတယ်.. အချိန်ကလဲ ကပ်သီးကပ်ဖဲ့..
"Omg...!... အဟ ကျန်းချန်ရေ.. ငါအဲ့တာကိုမေ့နေတာပဲ..."
လက်ဖြောက်တစ်ချက်တီးလိုက်ရင်း.. ဝေ့၀ူရှန့် မျက်နှာလေး လင်းထိန် သွားတော့.. ကျန်းချန် ကိုယ်တိုင်လဲ အံ့သြသွားကာ..
"ဘာစဉ်းစားလို့ ရလဲ.. "
"မင်း အဖေကို ဖုန်းဆက်လိုက်ကျန်းချန်..."
"ဟမ်..."
ဒီတခါ ဆိုဖာပေါ်ထိုင်လျက်သာူကျသွားသူက ကျန်းချန် ပင်.. ပါးစပ်ကြီးဟောင်းလောင်းဖြစ်ကာ..
"ဝေ့၀ူရှန့်.. မင်းတကယ်ပြောတာလား.."
လုပ်ဆို မလုပ်ဘူး စောဒကတက် မေးချလိုက်ပြန်ပြီ... ကွကိုတောင် ခေါင်းကိုက်နေရတဲ့အထဲ...
"မင်း အဖေဆီ ဖုန်းဆက်ခိုင်းတာလေ.. ဆက်လိုက်"
ခပ်အေးအေး မျက်နှာပေးနက့် ဝေ့ရင်းပြောလိုက်ရသည်.. တကယ်ပဲ ဆက်လိုက်ဆိုတဲ့ပုံစံမျိုး... ပီးတော့.. သူကိုယ်တိုလဲ ဖုန်းနံပါတ်တချို့နှိပ်ကာ...
"ငါအဲ့ကို မိနစ်၄၀ အတွင်းရောက်မယ်... ပြင်ထား..."
အမိန့်စကားတခွန်းပေးလိုက်ပြီး.. ဖုန်းပြန်ချလိုက်တော့ ဆိုဖာပေါ် အသိမကပ်သလို ဖြစ်နေတဲ့ ကျန်းချန်က ထပ်မေးပြန်သည်...
ВЫ ЧИТАЕТЕ
မင်းမှမဟုတ်ရင်... မင်းမှမဟုတ်ရင်... {..Completed..}(unicode+zawgyi)
Фанфикဝေ့ရင်း : :လန်ကျန့် မင်းမှမဟုတ်ရင် ငါ့ကို ဘယ်သူမှ မပိုင်စေရဘူးနော် အရမ်းချစ်တယ် လန်ကျန့် : :မင်းဘ၀ကို ငါ့ကိုအပ်နှင်းပါဝေ့ရင်း... နောက်ဘ၀ အဆက်ဆက် သံသရာတစ်လျှောက်စောင့်ရှောက်ပေးပါ့မယ် ဝေ့ရင်း : :လန်ကျန့် မင်းမှမဟုတ်...