Chapter 27.3
..........................
ဝေ့၀ူရှန့်ရဲ့ကိုယ်ပိုင် ဂျက်လေယာဉ်နက့် ပါသွားတဲ့ ဟွိုက်ဆန်းနက့် ၀မ်နင်ကို ကျန်းချန် လက်ပြရင်း...
လေယာဉ်ခေါင်းခန်းက ဝေ့၀ူရှန့်ကိုကြည့်မိတော့... ဘ့သားကောင်က ဂျက်လေယာဉ်ကို ကျင်လည်စွာ ထိန်းချုပ်နေတာမို့.. သူ့ကိုတောင်လှည့်မကြည့်....
ကွင်းထဲကနေ မိုးပေါ်ပျံတက်သွားတော့မှ.. ကျန်းချန်လဲ ထိုနေရာကနေ လှည့်ထွက်လာသည်....
..........................
..........................
"ပါး.."
ဧည့်ခန်းမှာ သတင်းစာထိုင် ဖတ်နေသော သူ့ပါးပါး... ဖတ်လက်စ သတင်းစာကို ပစ်ချ လိုက်ပြီး.. သူ့ကို ဒေါသမျက်လုံးတွေနက့် ဆီးကြိုလေတော့.. ကျန်းချန် နည်းနည်း တော့ ရင်ထဲ အောင့်သွားသည်...
ထမင်းစားခန်းက နေ ပါးအတွက်ဖော်လာတဲ့ သံပုရာရည် ခွက်လေး ကိုင်ပြီးထွက်လာတဲ့ မာမားက ကျန်းချန်ကိုလဲ မြင်ရော...
...!..!ခလွမ်း..!..!
သံပုရာရည်တွေ.. ပြောင်လက်နေတဲ့ ကြမ်းပြင်ပေါ် ဆင်းသက်ကျရလေရဲ့...
"သား...သား.. ကျန်းချန်.."
သူ့ရဲ့မားက အဲ့လိုမျိုး... လာဒ်စားမှုဖြင့် ထောင်ကျသွားသည်မို့ ပါးကသူ့ကို ထောင်ဝင်စာ တစ်ခါသာလာတွေ့ပြီး ပစ်ပစ်ခါခါပြောကာ အမွေပြတ်ပါ စွန့်လွှတ်လိုက်ပေမယ့်....
မား အတွက်ကတော့ သူက တစ်ဦးတည်းသောသား.. ပါး အမိန့်ကိုမလွှန်ဆန်နိုင်၍ အစ်မဖြစ်သူမင်္ဂလာပွဲကို မတက်စေခက့်ပေမယ့်... မားက နောက်ကွယ်ကနေ သူ့ကို အရာရာစောင့်ရှောက်ပေးနေစမြဲ...
"မား.. နေကောင်းလား.."
အေးစက်စက်လေသံဖြစ်စေရန် မနည်း အားတင်းပြီး ပြောလိုက်ပေမယ့်.. မားကတော့ သူ့ကို ပြေးဖတ်လိုက်ရင်း...
"သားရယ်.. မားလွမ်းနေခက့်တာ... သား ရဲ့ပါးလဲ သားကိုလွမ်းနေတာ သိလားသား..."
YOU ARE READING
မင်းမှမဟုတ်ရင်... မင်းမှမဟုတ်ရင်... {..Completed..}(unicode+zawgyi)
Fanfictionဝေ့ရင်း : :လန်ကျန့် မင်းမှမဟုတ်ရင် ငါ့ကို ဘယ်သူမှ မပိုင်စေရဘူးနော် အရမ်းချစ်တယ် လန်ကျန့် : :မင်းဘ၀ကို ငါ့ကိုအပ်နှင်းပါဝေ့ရင်း... နောက်ဘ၀ အဆက်ဆက် သံသရာတစ်လျှောက်စောင့်ရှောက်ပေးပါ့မယ် ဝေ့ရင်း : :လန်ကျန့် မင်းမှမဟုတ်...