Chapter 27
................. ...................
ဒီနေ့တော့.. ဝေ့၀ူရှန့်တစ်ယောက် အိမ်မှာ အသေပျင်းနေလေရဲ့...
ကျန်းချန်လဲ ဒီနေ့သူ့အိမ်မလာ... comapnyမှာ အရေးကြီး အစည်းအဝေးရှိနေသဖြင့်.. အလုပ်သွားရသည်။...
တနေကုန် ဘာမှ လုပ်စရာလဲမရှိ... ရှိလဲမလုပ်ချင်...
မျက်စိရှေ့က Tvကို ပဲ လိုင်းတစ်လိုင်းပြီးပြောင်းခါ... ဆော့နေပေမယ့်... ခန္တာကိုယ်ကတော့.. ပျင်းရိပျင်းတွဲဖြင့်..
ဆိုဖာပေါ် မောက်ခုံဖြစ်နေခါ.. ခြေထောက်တစ်ဖတ်ကဆိုဖာအောက်ကျ နေတာကိုလဲ မသိသလို လွဲရမ်းနေလိုက်ရင်း...
"ဟူး...."
လေပူတစ်ချို့ကို... နှုတ်ခမ်းပြင်ပ သို့မှုတ်ထုတ်လိုက်မိသည်...
"ဘယ်လိုတောင် ပျင်းဖို့ကောင်းနေရတာလဲ... လန်ကျန့်မရှိတော့ ပို ပျင်းနေတယ်... လန်ကျန့်ရေ ပြန်လာပါတော့..."
လင်တော်မောင် လန်ကျန့်ကိုသတိရသွားပြီး ဖုန်းဆက်ရန်.. ဆိုဖာကနေ ဆက်ကနဲ ထထိုင်လိုက်ကာ ဖုန်း Contact ထဲမှ လန်ကျန့် နံပါတ်ကို နိပ်ခါနီးတွင်...
"မဖြစ်သေးပါဘူး.. ဦးဦးဆီရောက်နေရင်.. သူအဆင်ပြေမှာမဟုတ်ဘူး.. သူကလဲကွာ တစ်နေကုန်ဖုန်းတောင်မဆက်ဘူး..."
ဝေ့ရင်း.. သူ့ဖုန်းသူ ဆိုဖာပေါ်ပြန်ပစ်ချလိုက်ရင်း.. မီးဖိုခန်းထဲ ၀င်ခါ.. ရေအေး တစ်ခွက်သောက်လိုက်သည်...
"အော်.. ငါမေ့နေတာ.. မြေအောက်ခန်းကို..😏 အဟက်.."
မီးဖိုချောင်ထဲက ထွက်လာပြီး.. စာကြည့်ခန်းထဲသို့ ၀င်သွားသည့်.. ဝေ့ရင်း..ခြေလှမ်းတို့က မြှောက်ကြွမြှောက်ကြွဖြင့်...
စာကြည့်ခန်းထဲမှ လျှို့ဝှက် ခလုတ်ကို နှိပ်ကာ.. နံရံ တစ်ဖတ်ခြမ်းသို့.. ၀င်လိုက်သည်နှင့်...
မာကျူ ရီ မီးရောင်ဝါဝါ အောက်တွင် အစီအရီ စီထားသော.. လက်နက်အစုံ.. ဝေ့၀ူရှန့် သူ့ရတနာလေးတွေကို ကြည့်ပြီး ကျေကျေနပ်နပ်ကြီးပြုံးလိုက်ကာ...
VOUS LISEZ
မင်းမှမဟုတ်ရင်... မင်းမှမဟုတ်ရင်... {..Completed..}(unicode+zawgyi)
Fanfictionဝေ့ရင်း : :လန်ကျန့် မင်းမှမဟုတ်ရင် ငါ့ကို ဘယ်သူမှ မပိုင်စေရဘူးနော် အရမ်းချစ်တယ် လန်ကျန့် : :မင်းဘ၀ကို ငါ့ကိုအပ်နှင်းပါဝေ့ရင်း... နောက်ဘ၀ အဆက်ဆက် သံသရာတစ်လျှောက်စောင့်ရှောက်ပေးပါ့မယ် ဝေ့ရင်း : :လန်ကျန့် မင်းမှမဟုတ်...