Chapter 29
"ဆရာ.."
သူ့ကျောပေးထားတဲ့ အနောက်ဘက်မှ ထွက်ပေါ်လာတဲ့ အသံကြောင့် နောက်ကို တဖြေးဖြေးချင်းလှည့်လိုက်ရင်း...
လက်ထဲကဆေးလိပ်မီးကိုငြိမ်းပြီး..."ခေါ်လာပြီလား.."
"ဟုတ်.."
အမျိုးသမီး တစ်ယောက်ကို လက်ပြန်ကြိုးတုပ်ပြီး ပါးစပ်အ၀တ်စို့ထားကာ.. ဘေးမှ တပည့်နှစ်ယောက်ကပါချုပ်ထားလိုက်သေးသည်...
"မင်းတို့ကလဲ အဲ့လောက်ချုပ်ဖို့လိုလို့လား..."
ထိုင်နေရာကနေ အမျိုးသမီးဆီလမ်းလျှောက်သွားပြီး.. ပါးစပ်က အ၀တ်ကို ထုတ်ပေးလိုက်တဲ့ချက်ချင်းပဲ....
"ထွီ..!... ဝေ့၀ူရှန့်! နင်လူယုတ်မာ...!."
တံထွေးနက့် လှမ်းထွေးလိုက်ပေမယ့် ဝေ့၀ူရှန့် အလျင်အမြန်ရှောင်လိုက်တာကြောင့် တနေရာကိုမှမထိသွားပေ...
သို့သော်လဲ.....ဖြောင်း.!.!
အခန်းထဲ ရှိလူအားလုံး ကြောင်အ ကုန်ပြီး အကြည့်များက ဝေ့၀ူရှန့်ဆီရောက်ကုန်ကြသည်...
ဝေ့ရင်းရဲ့ လက်ဝါးတစ်ချက်က ထိုမိန်းမ ပါးပြင်ပေါ်သို့...
"၀မ်လိန်ကျောင်.. မင်းက ရာရာစစ ငါ့ကိုများ...."
တော်ရုံတန်ရုံ မိန်းကလေးဆိုလျှင် ပလစ် ထားသော ဝေ့ရင်းက ဒီမိန်းမကိုတော့ သောက်ရမ်းရွံသည်မို့..
ပါးရိုက်လိုက်မိသော လက်ဖဝါးပြင်ကို ချက်ချင်းပင်.. အရက်ပြန်ဖြင့် ကောက်ဆေးလိုက်ပြီးတော့....
"ဒီမကောင်းဆိုးဝါးမကို ပါးစပ်ပြန်ပိတ်ထားလိုက်... ပြီးရင် ငါတို့သွားမယ်..."
"သွားတော့မလား.."
အကိုမင်ကြွယ်က စိုးရိမ်တဲ့မျက်ဝန်းတွေနက့် မေးလိုက်တော့ .
"အကို ဘယ်သူ့ကိုစောင့်ချင်သေးတာလဲ.."
"မင်း အရမ်းဒေါသထွက်နေတာမို့ တခုခုဖြစ်မှာစိုးရိမ်..."
"ရတယ် ကော.. ကျွန်တော်တို့သွားမယ်.."
အရက်ပြန်ဖြင့်ဆေးထားသော လက်ကို အ၀တ်နက့်သုတ်လိုက်ပြီး.. အခန်းထဲက ထွက်သွားတဲ့ ဝေ့၀ူရှန့်နောက်ကို...
YOU ARE READING
မင်းမှမဟုတ်ရင်... မင်းမှမဟုတ်ရင်... {..Completed..}(unicode+zawgyi)
Fanfictionဝေ့ရင်း : :လန်ကျန့် မင်းမှမဟုတ်ရင် ငါ့ကို ဘယ်သူမှ မပိုင်စေရဘူးနော် အရမ်းချစ်တယ် လန်ကျန့် : :မင်းဘ၀ကို ငါ့ကိုအပ်နှင်းပါဝေ့ရင်း... နောက်ဘ၀ အဆက်ဆက် သံသရာတစ်လျှောက်စောင့်ရှောက်ပေးပါ့မယ် ဝေ့ရင်း : :လန်ကျန့် မင်းမှမဟုတ်...