Unicode
LiHua တစ်ယောက် သက်ပြင်းချပြီး ဘေးမှ ရေခဲမုန့်လေးစားနေတဲ့ ကလေးငယ်လေးကိုသာ ကြည့်နေမိသည်။ ဒီကလေးလေးက မျက်နှာလေးတော့ တော်တော်ချစ်စရာကောင်းတယ်။ ပါးလေးဖောင်းဖောင်းလေးနဲ့ ဖြူဖြူစွတ်စွတ် အသားအရေ၊ မမနဲ့ တူလို့ထင်ပါရဲ့။
"တောင်းပန်ပါတယ် မမရယ် နင့်ကိုပေးထားတဲ့ ကတိကို ငါမတည်နိုင်တော့ဘူး"
ဘယ်လိုပဲ ပြောပြော အဖေအရင်းပဲလေ။ မိဘမဲ့ဂေဟာကို ပို့တာထက်တော့ သာပါတယ်၊ သူတို့က သူဌေးတွေပဲ သူတို့မှာ နည်းလမ်းရှိမှာပါ။
'ညီမလေးရယ် Yibo လေးကို စောင့်ရှောက်ပေးပါ။ သားလေးက လိမ္မာရှာပါတယ်၊ သူအလိုက်သိမှာပါ နော်။ မမ တခြားဘယ်သူ့ကိုမှ အကူအညီတောင်းစရာမရှိလို့ပါ နော် ညီမလေး'
သူ့လက်ကို တင်းတင်းဆုပ်ကိုင်ပြီး ပြောခဲ့တဲ့ မမ။
လောကကြီးထဲက ထွက်ခွာခါနီးဖြစ်နေတဲ့ မမကို နောက်ဆံမတင်းရလေအောင် LiHua ခေါင်းကို တွင်တွင်ငြိမ့်ပြခဲ့တယ်လေ။မမပြောတဲ့ အတိုင်းပဲ ကလေးလေးက လိမ္မာရှာပါတယ်။ အလိုက်တသိနဲ့ သူတတ်နိုင်သလောက်လေး အိမ်အလုပ်လေးတွေ ကူလုပ်ပေးရှာတယ်။
ဒါပေမယ့် နဂိုကတည်းကမှ ကြပ်တည်းတဲ့ သူတို့မိသားစုလေး၊ ကလေး၃ယောက်ရှိပြီးသားမှာ Yibo လေးတစ်ယောက် ထပ်ထည့်လိုက်တော့ ၄ယောက်၊ Yibo လေးက ဘယ်လိုပဲ လိမ္မာပါတယ်ပြောပြော ကိုယ့်သွေးသားရင်းမဟုတ်တော့ ကြာလာတဲ့အခါ ငြိုငြင်လာမိတယ်။
သိပ်မကြာခင် ဒီကလေးလည်းကျောင်းစနေရတော့မယ်၊ ရှိစုမဲ့စုဝင်ငွေလေးထဲကထပ်ဖဲ့ပြီး ကျောင်းထားပေးဖို့ဆိုတာ မဖြစ်နိုင်တော့တာမို့ နောက်ဆုံး ဒီဆုံးဖြတ်ချက်ကို ချခဲ့ရတာပဲဖြစ်တယ်။'Yibo လေး စားလို့ပြီးပြီလား ပြီးပြီဆိုလာ ထ အန်တီတို့ ဆက်သွားရအောင်'
ကျောပိုးအိတ်အနီကြိုးလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ လက်လေးတစ်ဖက်ကို ညာဘက်ကဆွဲ၊ အဝတ်ရယ် စာရွက်စာတမ်းတချို့ရယ် ထည့်ထားတဲ့ အထုပ်လေးကို ဘယ်ဘက်ကဆွဲပြီး ထိုင်နေတဲ့ ခုံတန်းက ထထွက်လာခဲ့သည်။
YOU ARE READING
Only Love Can Hurt Like This (Hiatus)
Fanfiction'နာကျင်စေမယ့် လမ်းကို ဆက်မလျှောက်ကြစို့လား' 'နာကျင်စေမယ့် လမ်းကို ဆက်မလျှောက်ကြစို့လား'