Against All Odds

4.8K 490 51
                                    


Unicode

ညနောက်ကျနေပြီ ဖြစ်ပေမယ့် ပင်ပန်းနေတဲ့မျက်လုံးတို့က အနားမယူနိုင်သေး။
စိတ်မပါလက်မပါနဲ့ စာအုပ်ဖတ်နေရင်းက အခန်းအပြင်ကို နားစွင့်နေမိသည်။

ကိုကိုဘာလို့အခုထိပြန်မလာသေးတာလဲ။

ဖုန်းကနာရီလေးကိုကြည့်လိုက်တော့ ည ၁၀ နာရီထိုးတော့မယ်။
ဒီရက်ပိုင်း ကိုကိုအိမ်ပြန်တာနောက်ကျကျလာတယ်။

ကိုကို့အိမ်ပြန်ချိန်တွေကို တမင်ရှောင်နေရင်းက အိမ်ပြန်ချိန်တွေပုံမှန်မဟုတ်တော့တဲ့ကိုကို့ကြောင့် သူ့မှာ ညနေပိုင်းဆိုရင် မီးပူတိုက်တာကအစ ဟင်းရွက်ခြွေတာအဆုံး အခန်းထဲယူလုပ်ရတဲ့အထိဖြစ်လာတယ်။
နှစ်ယောက်တည်းတွေ့မိရင် တင်းခံထားသမျှအရည်ပျော်ကုန်မှာကို သူကြိုသိနေတာကိုး။ ကျောင်းပိတ်ရက်ဖြစ်နေတာကပဲ တော်သေးသည်ပြောရမယ်။ မဟုတ်ရင် ကျောင်းသွား ကျောင်းပြန်ကို လွတ်အောင်ရှောင်နိုင်စရာ နည်းလမ်းကိုမရှိ။

လူချင်းမတွေ့အောင်သာရှောင်နေတာ ကိုကိုမနက်စာကိုကုန်အောင်မစားသွားတာကအစ အိမ်ပြန်ချိန်အခန်းအပြင်ခြေသံတွေကို နားစွင့်နေမိတတ်သည့်အဆုံး ကိုကို့ရဲ့ဖြစ်တည်မှုကို ဂရုစိုက်သတိထားနေမိတတ်တာမျိုး။

သူ့အခန်းရှေ့ရောက်တိုင်း ရပ်သွားတတ်တဲ့ခြေသံကို အသက်အောင့်လို့ နားစွင့်ရတာလည်း အလုပ်တစ်ခုဖြစ်နေခဲ့ပြီ။
အခုဆို သတိတရကို အခန်းကိုလော့ခ်ချတတ်ပြီမလို့ အပြင်ကနေ နာမည်ကိုခပ်ဖွဖွခေါ်နေလည်း မထူးရုံသာ....။

တွေးနေရင်းနဲ့ကို လှေကားပေါ်တက်လာတဲ့ ခြေသံကြားတာကြောင့် စာအုပ်ကိုဘေးချလို့ ငြိမ်နေမိသည်။

ခြေသံတို့က ထုံးစံမပျက် သူ့အခန်းရှေ့မှာ ရပ်သွားပြန်ပြီ။

"ရိပေါ်၊ ဝမ်ရိပေါ် တံခါးဖွင့်'

ခပ်ဖွဖွမဟုတ်ပဲ ကျယ်လောင်နေတဲ့အသံကြောင့် ရင်ထဲမှာထိတ်ခနဲ။

လော့ခ်ချထားတဲ့ တံခါးလက်ကိုင်ကို အတင်းဆွဲလှည့်နေသည့်အပြင် တ ဒုံး ဒုံး ထုသံကြောင့် အိပ်ရာခင်းစကို ဆွဲဆုပ်ထားမိသည်။
ကိုကိုမူးနေတာလား။

Only Love Can Hurt Like This (Hiatus)Where stories live. Discover now