Unicode
အဲ့ဒီနေ့လေး
အသစ်စက်စက် အဲ့ဒီမနက်ကမှ စစီးဖြစ်တဲ့ Xiao Zhan ရဲ့ နက်ပြာရောင် ဖိနပ်လေးက ဆေးရုံရဲ့ ကြမ်းပြင်ကို အလောသုံးဆယ်နင်းလို့ အရေးပေါ်ခွဲစိတ်ဆောင်ဆီသို့ ဦးတည်သွားနေလေရဲ့။
ဖေဖေ ကားတိုက်ခံရလို့တဲ့.....
သူသိပ်စိတ်ဝင်စားတဲ့ Colour Theory အတန်းချိန်မှာ ဝင်လာတဲ့ မေမေ့ဖုန်းကြောင့် Professor ကိုပင် ခွင့်မတောင်းပဲ အပြေးအလွှားထွက်လာခဲ့မိတယ်။
'မေမေ'
အမြဲကို မာန်အပြည့်တင်းထားတတ်တဲ့ မေမေ့မျက်နှာမှာ အခုတော့ သောကမျက်ရည်တွေနဲ့မလို့ မေမေ့ရဲ့ ခန္တာကိုယ်ပိန်သွယ်သွယ်ကို အပြေးလေးဖက်ထားလိုက်မိသည်။
'ကားကို ခါးလယ်က ဖြတ်တိုက်ခံရတာတဲ့ သားရယ် ဒဏ်ရာတော်တော်များတယ်'
'အရိုးတွေအများကြီးကျိုးကုန်တယ်တဲ့ စိုးရိမ်ရတယ်တဲ့ သားရယ် သူကျော်နိုင်ပါ့မလားမသိဘူး'
အနောက်မှာ အပြေးလာတဲ့ ခြေသံကြောင့် လှည့်ကြည့်လိုက်တော့ ကျောင်းဝတ်စုံလေးနဲ့ Wang Yibo။
မေမေ့ကိုတလှည့်၊ သူ့ကိုတလှည့်ကြည့်ရင်း မရဲတရဲလေသံလေးဖြင့် မေးခွန်းထုတ်လာလေတယ်။
'ဘာ- ဘာဖြစ်တာလဲဟင်'
'နင်ဒီကိုဘာလာလုပ်တာလဲ ဘယ်သူပြောလိုက်တာလဲ'
'အန်တီကြီး ကျောင်းကိုဖုန်းဆက်လို့ပါ ဘယ်လိုအခြေအနေ-'
ငိုနေတဲ့ မေမေ့မျက်နှာကိုမြင်တော့ ပူပန်နေတဲ့မျက်ဝန်းနက်တွေထဲ မျက်ရည်တွေပါ ဝေ့တက်လာလေသည်။
သူလည်း အရမ်းစိတ်ပူနေမှာပေါ့
သူ့အဖေပဲကိုး....။'Xiao Zhang Young တို့အိမ်သားတွေရှိလား'
ခွဲခန်းထဲကထွက်လာတဲ့ ဆရာဝန်လေးရဲ့အသံကြောင့် သုံးယောက်လုံး ဆရာ့အနားကို အပြေးသွားမိတယ်။
ခွဲခန်းဝတ်စုံမှာလည်း သွေးစတွေနဲ့ပါလား.....'လူနာက ဒဏ်ရာတော်တော်များတယ် ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံးကြိုးစားနေပါတယ် သွေးထွက်ကအရမ်းများတာမလို့ သွေးထပ်တောင်းဖို့လိုတယ် ကျွန်တော်တို့ သွေးဘဏ်ကလည်းတောင်းထားတယ် ဒါပေမယ့် ထပ်လိုဦးမယ်'
YOU ARE READING
Only Love Can Hurt Like This (Hiatus)
Fanfiction'နာကျင်စေမယ့် လမ်းကို ဆက်မလျှောက်ကြစို့လား' 'နာကျင်စေမယ့် လမ်းကို ဆက်မလျှောက်ကြစို့လား'