Feelings

6.2K 720 43
                                    

Unicode

'Yibo အိမ်ပြန်ရင် ဘယ်လိုပြန်မှာလဲ'

မနက်စတွေ့ပြီးကတည်းက သူ့နားကပ်ထိုင်ပြီး အနားက လုံးဝမခွာတော့တဲ့ Sung Joo ရယ်ပါ။
သိချင်တဲ့ မေးခွန်းတွေသိပ်များသလို စကားကိုလည်း ပေါက်ပေါက်ဖောက်အောင်ပြောနိုင်သည်လေ။ Yibo ကိုယ်တိုင်ကလည်း ကိုရီးယား ဘာသာစကားကို စိတ်ဝင်စားတာမလို့ ၂ယောက်သားအဆင်ပြေနေသည်။

'လမ်းလျှောက်ပဲ ပြန်မှာ'

'ငါလိုက်ခဲ့လို့ရလား'

'ဟင်'

'အိမ်ထဲထိမလိုက်ပါဘူး။ အိမ်ပေါက်ဝအထိပဲ လိုက်ပို့မယ်လေ ငါကရောက်ခါစဆိုတော့ အနီးအနားတဝိုက်တွေလျှောက်ကြည့်ချင်နေတာ။ မင်းရဲ့ အိမ်အထိ လမ်းလိုက်လျှောက်ရင်း မင်းကလည်း ငါ့ကို ဟိုနား ဒီနားပြပေါ့ အဆင်ပြေလား'

'မင်းက ဘယ်နားနေတာလဲ'

SungJoo ပြောပြတဲ့ လိပ်စာက သူအိမ်ပြန်တဲ့လမ်းမှာတင်။
သူသိတယ် အဲ့ဒီနားက ကျောင်းသားအဆောင်လိုမျိုးလေး။
တူတူလျှောက်ပြန်ပြီး သူ့ကို အဲ့ဒီနားချခဲ့လည်းရတာပဲလေ။

'ရတယ်လေ ဒါဆိုညနေတူတူပြန်တာပေါ့'

SungJoo က အားပါးတရ ပြုံးပြတော့ သူပါလိုက်ပြုံးမိတယ်။ အပျော်တွေ ကူးစက်စေတဲ့ အပြုံးမျိုးပါလား။

'ကဲ ဒါ မင်းနေတဲ့နေရာမလား။ နေခဲ့တော့ ငါသွားတော့မယ် မနက်ဖြန်မှတွေ့ကြမယ်နော်'

SungJoo က စိတ်မရှည်ဟန်နဲ့ မျက်လုံးကို အပေါ်လှန်လို့ ရှေ့ဆံပင်တွေထောင်သွားတဲ့အထိလေနဲ့မှုတ်တယ်။

'ဘာလို့နေခဲ့ရမှာလည်း မင်းအိမ်အထိလိုက်ပါမယ်ဆိုနေ'

'ဒီကနေ နောက်ထပ် ၁၀မိနစ်လောက်လျှောက်ရသေးတယ် မင်းလျှောက်နိုင်လို့လား'

တကယ်တော့ သူအိမ်အရှေ့ထိ မခေါ်ချင်တာ။ အိမ်ကြီးကို ကြည့်ပြီး သူ့အခြေအနေကို အထင်လွဲသွားမှာ စိုးရိမ်မိတယ်။

'လျှောက်နိုင်ပါတယ် အေးဆေးပါ ဒီလောက်တော့'

'ငါ အိမ်ထဲတော့ ခေါ်လို့မရဘူးနော်'

Only Love Can Hurt Like This (Hiatus)Where stories live. Discover now