Unicode
ကားရဲ့နောက်ခန်းထဲက အဝတ်တွေ စက္ကူစုတ်တွေကိုရှင်းပြီးတာနဲ့ အရှေ့အံဆွဲထဲက စုပြုံထည့်ထားတဲ့ CD ချပ်တွေ၊ စာရွက်တွေကိုထုတ်ကာ သပ်သပ်ရပ်ရပ်ပြန်စီနေပြန်တယ်။ ငြိမ်ငြိမ်ထိုင်နေခိုင်းလိုက်တိုင်း တစ်မျိုးမဟုတ်တစ်မျိုးထလုပ်နေတတ်တဲ့အကျင့်ရှိတဲ့ ဒီကောင်လေးကို ပြုံးလို့သာကြည့်ရင်း ခေါင်းကိုအသာယမ်းမိတယ်။
'ဘာလို့တချိန်လုံး တလှုပ်လှုပ်လုပ်နေတာလဲ'
ကားမောင်းနေရင်းက လက်တစ်ဖက်ကိုဆွဲလို့ ဆုပ်ကိုင်လိုက်တော့မှ တစ်ချက်ငြိမ်ကျသွားတဲ့ကောင်လေး။
'ငြိမ်ငြိမ်ထိုင်နေရင် ဒီလိုပဲအတွေးတွေများနေတတ်လို့'
ဆုပ်ကိုင်ထားမိတဲ့ လက်ဖြူဖြူသွယ်သွယ်ကို အနားဆွဲလို့ နှုတ်ခမ်းနဲ့ဖိကပ်တော့ ပါးမို့မို့လေးတို့ကနီတက်လာတယ်။
တစ်ခုခုဆို ဟန်မဆောင်နိုင်ပဲ ပါးလေးတွေ နားရွက်လေးတွေနီရဲလာတာကလည်း ဒီကောင်လေးရဲ့သိပ်ချစ်ဖို့ကောင်းတဲ့ အချက်လေးတစ်ခုဖြစ်တယ်။'ဘာတွေတွေးနေတာလဲ ပြောကြည့်ကြည့်လေ'
ဆုပ်ကိုင်ထားတဲ့သူ့လက်ကို လက်ချောင်းတို့နဲ့အသာပွတ်သတ်လို့ တွေတွေလေးငေးတယ်။
'ဒီလိုပါပဲ အန်တီလေးနဲ့ပြန်တွေ့ရမှာဆိုတော့ ကျွန်တော့်ကိုမှတ်မိပါ့မလားမသိဘူးနော်။ တွေ့ရင်ဘာစကားတွေပြောရမလဲ။ အရမ်းကြီးစိမ်းနေမယ်ထင်တယ်နော်'
'ပြီးတော့ ပြီးတော့ သူတို့အိမ်ပြောင်းသွားရင်ဘယ်လိုလုပ်မလဲ ကျွန်တော်တို့အလကားအဝေးကြီးလာရသလိုဖြစ်နေမှာပေါ့'
အေးတိအေးစက်နေတတ်တယ်ထင်ရတဲ့ ကောင်လေးရဲ့ခေါင်းလေးထဲမှာ အမြဲ ပူပန်နေတတ်တာကို အရင်ကဘာလို့သတိမထားမိတာပါလိမ့်။
'စိတ်မပူပါနဲ့ ဘေးမှာပါတာဘယ်သူလဲကြည့်ဦးလေ ဟောဒီအကိုကြီးကြံမှာပေါ့ အားကိုးလိုက်စမ်းပါ'
နောက်သလို ပြောင်သလိုပြောလိုက်ပေမယ့် ကောင်လေးရဲ့ အပြုအမူတို့ကြောင့် ရင်ထဲအနွေးလှိုင်းလေးက သိမ့်ခနဲ....။
သူ့လက်ကို လက်နှစ်ဖက်နဲ့သေချာဆုပ်ကိုင်လို့ လက်ဖဝါးကိုဖြန့်တယ်။
လက်ချောင်းထိပ်လေးတွေကို နူးနူးညံ့ညံ့အနမ်းလေးတွေပေးပြီး ခေါင်းလေးစောင်းလို့ မျက်နှာလေးကို လက်ပေါ်အပ်တယ်။
YOU ARE READING
Only Love Can Hurt Like This (Hiatus)
Fanfic'နာကျင်စေမယ့် လမ်းကို ဆက်မလျှောက်ကြစို့လား' 'နာကျင်စေမယ့် လမ်းကို ဆက်မလျှောက်ကြစို့လား'