Afraid To Fall

5.8K 669 36
                                    


Unicode

ကားတံခါးလေးကို ဖွင့်ကာထိုင်လိုက်ရင်း လက်ထဲက ထမင်းဘူးလေးကို ကိုကို့ကိုမြှောက်ပြလိုက်သည်။

'ကိုကို ဒီမှာ ထမင်းဘူး'

ကိုကိုမထွက်ခင် ချက်လို့မပြီးတာကြောင့် မပေးလိုက်ရ။
မနက်စာပြင်တာနဲ့ရောနေတာကြောင့် မနက်ပိုင်းဆို ဟင်းချက်ရတာ Yibo အတွက်တော့ အရမ်း အဆင်မပြေ။
ဒါပေမယ့်လည်း ကိုကို စားချင်တယ်ဆိုတော့လည်း သူရအောင်လုပ်ပေးရတာပဲပေါ့။

'ဟင်းပိုထည့်ထားတယ်နော် ကိုကို။ နှစ်ယောက်စာ လောက်အောင်လို့'

ကိုကို့ချစ်သူအတွက်ပေါ့။

Xiao Zhan က အိုးတိုးအမ်းတမ်းဖြစ်သွားဟန်ဖြင့်

'ဟင် အင်း ကျေးဇူးပဲ အနောက်ခန်းမှာထားလိုက်'

အနောက်ကို လှည့်ကာ ကားနောက်ခန်းခုံပေါ်သို့ ထမင်းဘူးလေးတင်ပြီးနောက် ထိုင်ခုံခါးပတ်ပတ်နေစဉ်မှာ သူ့ရဲ့ညာဘက်လက်ကို ဖြတ်ခနဲ ဆွဲယူခြင်းခံလိုက်ရသည်။

'ဘာဖြစ်တာလဲ ဒီဟာ ဆီပူလောင်ပြန်ပြီလား'

သူ့ရဲ့ လက်ဖျံဖြူဖြူဖွေးဖွေး ပေါ်မှာ ထင်းနေတဲ့ အနီရဲရဲ အရည်ကြည်ဖုကို စူးစူးရဲရဲ စိုက်ကြည့်နေတဲ့ ကိုကို။

'ဪ အင်း ဘာမှမဖြစ်ပါဘူး ကိုကိုရဲ့ ဖြစ်နေကျပဲကို'

'ဒီဝက်သားဟင်း ချက်နေရင်းဖြစ်တာလား'

'မဟုတ်ပါဘူး ကိုကိုရယ် မနက်စာပြင်ရင်း ကြက်ဥကြော်က ပေါက်တာ ဆီထဲရေနည်းနည်းဝင်သွားလို့'

'ဆေးထည့်ပြီးပြီလား မထည့်ရသေးဘူးမလား'

သူအဆူခံရတော့မယ်ဆိုတာ သိတာကြောင့် မဝံ့မရဲ ခေါင်းရမ်းပြတော့ "ကျစ်" ခနဲ စုတ်သပ်တယ်။

'အဲ့တာပဲ။ ပေါ့တာက အရမ်း။ သတိမထားဘူး။ ဖြစ်ပြီးလည်းဆေးလိမ်းလေ။ ပိုးဝင်ရင်ဘယ်လိုလုပ်မလဲ'

"ဒီလိုပဲ ဖြစ်နေကျမလို့ ထည့်စရာမလိုပါဘူး" လို့ စိတ်ထဲက အထွန့်တက်နေပေမယ့် မျက်ခုံးကြီးကျုံ့ကာ စိတ်ဆိုးနေဟန်တူတဲ့ ကိုကို့ကို ကြောက်တာကြောင့် ဒီတိုင်းငြိမ်နေလိုက်ရသည်။
ကျောင်းကိုမရောက်ခင် convenience store လေး တစ်ခုရှေ့မှာ ကားကိုရပ်လိုက်တာမလို့ ကိုကို့ကို လှမ်းကြည့်လိုက်တော့ ဘာမှမပြောပဲ ကားပေါ်က ဆင်းသွားလေသည်။

Only Love Can Hurt Like This (Hiatus)Where stories live. Discover now