Confused

6K 703 58
                                    


Unicode

'တီ တီ တီ'

ပန်းပင်လေးတွေ ရေလောင်းနေရာမှ မြည်လာတဲ့ဖုန်းသံကြောင့် ရေပိုက်လေးကိုခဏချကာ ဘောင်းဘီအိတ်ကပ်လေးထဲမှ ဖုန်းကိုဆွဲထုတ်လိုက်သည်။
SungJoo ဆီကပဲ။

'ဟယ်လို'

'Yibo မင်းအခု ဘယ်မှာလဲ'

'အိမ်မှာလေ'

'တော်သေးတာပေါ့ ဒါဆို မင်း အိမ်ရှေ့ထွက်လာခဲ့ဦး ငါရောက်နေတယ်'

'အိမ် အိမ်ရှေ့ ဟုတ်လား။ ဘာလာလုပ်တာလဲ'

'မင်းနေမကောင်းဘူးဆိုလို့လေ။ ထွက်လာခဲ့ ငါစားစရာပါလာတယ်'

အမှန်တော့ သူဒီနေ့ကျောင်းမသွားရခြင်းက ဘယ်ဘက်ပါးစောင်ပေါ်တွင် ထင်းနေသော လက်ချောင်းရာတွေကြောင့်... ဘယ်လိုရှင်းပြရမယ်မှန်းမသိ၍ WenHan ကိုဖုန်းဆက်ပြီး နေမကောင်းဘူးဆိုပြီး ခွင့်တိုင်ခိုင်းခဲ့တာ။
အခု Sung Joo က အိမ်ရှေ့မှာဆိုတော့ ဘယ်လိုလုပ်ရပါ့မလဲ။
အခုပဲအိမ်မှာလို့ ပြောပြီးပြီဆိုတော့ အပြင်သွားနေတယ်လို့လည်း ညာလို့မရတော့ဘူး။
ခက်လိုက်တာ....

'အင် Yibo ဘာလို့ mask ကြီးတပ်ထားတာလဲ'

သူ mask လေးကို ဘယ်ဘက်ပိုဖုံးမိအောင် အသာလေးဆွဲရင်း သုံးလေးချက်လောက် ချောင်းဟန့်လိုက်သည်။

'ငါအအေးမိပြီး ချောင်းဆိုးနေလို့ မင်းဆီကို ကူးမှာစိုးလို့'

'ဪ သိတတ်လိုက်တာကွာ'

'ရော့'

လက်ထဲထည့်ပေးသည့် အိတ်လေးကိုပင်ဖွင့်ကြည့်စရာမလို၊ အပြင်မှာကပ်ထားသည့် တံဆိပ်လေးမြင်တာနဲ့ ဘာပါလည်း သူသိသည်လေ။

'အမဲသားခေါက်ဆွဲလား'

'အင်း ဒီနေ့ Wenhan က ငါ့ကိုခေါ်သွားတာ၊ အဲ့ဒီဆိုင်ကို မင်းကြိုက်တယ်ဆိုလို့ ပါဆယ်ဝယ်လာတာ'

တစုံတယောက်က သူ့အတွက် သတိတရရှိနေပေးတဲ့ခံစားချက်က ဘာရယ်မဟုတ် သိပ်ကိုနွေးထွေးစေတယ်။

'ကျေးဇူးပါကွာ ကောင်းကောင်းစားပါ့မယ်'

'ငါကတစ်နေကုန်ကျောင်းမှာ မင်းကိုလွမ်းနေတာ'

Only Love Can Hurt Like This (Hiatus)Where stories live. Discover now