What are we?

4.8K 538 26
                                    


Unicode

အခန်းတံခါးရှေ့ရပ်မိတော့ အထဲက ငိုသံခပ်သဲ့သဲ့။

'Yibo ငါဝင်လာမယ်နော်'

တံခါးဘုသီးလေးကို လှည့်လိုက်တော့ လော့ခ်မချထား....
ပြေးဝင်သွားရင်း လော့ခ်မချမိတာထင်ရဲ့။

မီးရောင်မှိန်မှိန်လေးလင်းနေတဲ့ အခန်းငယ်ရဲ့ဒေါင့်မှာ ကျုံ့ကျုံ့လေးထိုင်နေလေရဲ့။

'မလာပါနဲ့ ကျွန်တော်တောင်းပန်ပါတယ် ထွက်သွားပေးပါ ကျေးဇူးပြုပြီး'

ငိုသံစွက်နေတဲ့ အသံတုန်တုန်ယင်ယင်ကြောင့် သူကိုယ်တိုင်တောင် မျက်ရည်ဝဲချင်မိသလို
တောင်းဆိုချက်နဲ့ ဆန့်ကျင်ဘက် အနားကိုလျှောက်သွားတော့ ကောင်လေးကမျက်နှာကိုလွှဲလို့ ပြတင်းပေါက်အပြင်ကို ငေးကြည့်နေလေတယ်။

'ကျွန်တော့်ရဲ့ တောင်းဆိုချက် ဒီသေးသေးလေးကိုတောင် မလိုက်လျောပေးနိုင်ဘူးလား'

ရှိုက်သံနဲ့အတူ တချက်တချက်မြင့်တက်လာတဲ့ ပခုံးငယ်ကို ခပ်ဖွဖွဆုပ်ကိုင်လို့ သူ့ဘက်ကို အသာဆွဲလှည့်သော်လည်း ဂျစ်တူးလေးက တောင့်ထားပြန်တယ်။

'Yibo ငါ့ကိုကြည့်ဦး'

အံကိုတင်းတင်းကြိတ်လို့ ခေါင်းကိုပိုလို့ပင်စောင်းသွားအောင်လှည့်သွားပြန်သည်။

'Yibo ကိုကို့ ကိုကြည့်'

လေသံနဲ့ အသုံးအနှုံးပြောင်းသွားတော့မှ အကဲခတ်သလို တစ်ချက်စွေကြည့်တယ်။

'မင်းအနေနဲ့ အခုအရမ်း စိတ်တွေရှုပ်ထွေးနေမယ် အရမ်း-'

'ကိုကို ဘာလို့ ကျွန်တော့်ကိုဒီလိုလုပ်ရတာလဲ'

'ငါပြောပြီးပြီမဟုတ်လား မင်းအပေါ်ခံစားချက်ရှိနေလို့ပါဆိုနေ'

ပခုံးပေါ်ကလက်တွေကိုဆွဲဖြုတ်လို့ နားမလည်ခြင်းတွေပြည့်လျှံနေတဲ့ မျက်ဝန်းတွေနဲ့ သူ့ကိုကြည့်တယ်။

'ကိုကို လျှောက်မပြောနဲ့ ကျွန်တော်တို့က ညီအကိုတွေလေ ကိုကိုဘာတွေပြောနေတာလဲ'

အမှန်တရားကို ဖွင့်ပြောသင့်လား။

'ကိုကို စိတ်ထင်တာနေမှာပါ ကျွန်တော်တို့က သွေးသားတွေ ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စလေ'

Only Love Can Hurt Like This (Hiatus)Where stories live. Discover now