Must Have Been A Deathly Kiss

5.8K 622 40
                                    

Unicode

အမြဲတမ်း တည်ငြိမ်သူ၊ အေးဆေးနေတတ်သူ ဟု လူအများရဲ့ ထင်မှတ်ခြင်းကိုခံရတဲ့ Xiao Zhan ရဲ့ ဘဝမှာ သူကိုယ်တိုင်အသိစိတ်လွတ်အောင် စိတ်ဂယောက်ဂယက်ဖြစ်တယ် ဆိုတာ အင်မတန်မှ ရှားလှသည်။
အရာရာတိုင်းကို ခေါင်းအေးအေးနဲ့ ဖြေရှင်းတတ်သူ သူ့အတွက် စကားလေးတစ်ခွန်းက သတိလက်လွတ် အပြုအမူတစ်ခုကို လုပ်လိုက်မိသည် ဆိုတာဘယ်လိုလုပ်ဖြစ်သင့်မှာတဲ့လဲ။

'ကျွန်တော် သူ့ကိုကြိုက်တယ်'

'ဘာ'

ကောင်လေးရဲ့ ထင်မြင်ချက်တွေ၊ စွပ်စွဲချက်တွေကို ချေပဖို့ စကားလုံးများက လေထဲကိုအငွေ့ပျံသွားလေပြီ။
ကြိုက်တယ်တဲ့လား။
အခုမှပေါ်လာတဲ့ အဲ့ဒီ ကိုရီးယားကောင်ကို ကြိုက်တယ်တဲ့လား။
ဒါဖြစ်သင့်ရဲ့လား။
ဘေးနားမှာ အမြဲရှိနေတဲ့ သူ့ကိုကျော်ပြီး အဲ့ဒီကောင်ကိုကြိုက်တယ်ဆိုတာ ဖြစ်သင့်ရဲ့လား။

မနည်းချုပ်ထိန်းထားရတဲ့ စိတ်ရိုင်းတို့ကို အဆက်မပြတ် စွပ်စွဲစကားတွေပြောနေတဲ့ နှုတ်ခမ်းဖူးဖူးတို့က စိတ်ခေါ်နေသလိုပင်။
မင်းထင်သလို ငါက ဟိုကောင်ကို ယောက်ျားချင်း စိတ်ဝင်စားသူ မလို့ မုန်းတာမဟုတ်ဖူးဆိုတာ သက်သေပြမယ်။

'ဟုတ်တယ်။ ကျွန်တော်လည်း ယောက်ျားလေးတွေကိုစိတ်ဝင်စားတယ် ပြီးတော့ SungJoo ကိုလည်း ကြိုက်တယ်။ အဲ့ဒီတော့ ကိုကို မုန်းတယ် ရွံတယ်ဆိုရင်- အွတ်'

ကောင်လေးဝတ်ထားတဲ့ အိမ်နေရင်း တီရှပ်အနွမ်းလေးရဲ့ ကော်လာကိုဆောင့်ဆွဲပြီး စိတ်ထင်ရာတွေ တတွတ်တွတ်ပြောနေတဲ့ နှုတ်ခမ်းတို့ကို အနမ်းကြမ်းကြမ်းတို့ဖြင့် နှုတ်ပိတ်လိုက်မိသည်။
ဒီကောင်လေးရဲ့ နှုတ်ခမ်းက ချိုလိုက်တာ။
ခပ်သဲ့သဲ့လေးရနေတာ ဘာအရသာလဲ.....
သိချင်ဇောနဲ့ ကော်လာကိုခပ်တင်းတင်းဆွဲကာ ပိုပြီးနစ်ဝင်အောင်နမ်းလိုက်မိတော့

'အင်း'

ငြိီးသံမပီမပြင်လေးထွက်လာသည်။

"ချစ်စရာလေး"

သိပြီ။
ပန်းသစ်တော်သီးအရသာ!
ဒီကောင်လေး သူ့အသီးပန်းကန်ထဲက နှိုက်စားလာပြီထင်တယ်။
ရုတ်တရက် ပခုံးနှစ်ဖက်ကနေ ဆောင့်တွန်းခြင်းခံလိုက်ရတာကြောင့် ရုတ်တရက်အသိစိတ်ပြန်ဝင်လာသလို။

Only Love Can Hurt Like This (Hiatus)Where stories live. Discover now