Unicode
'ထွက်သွား နင်ထွက်သွား ထွက်သွားလို့ငါပြောနေတယ်'
ဒေါသတကြီးနဲ့အော်နေတဲ့ မေမေ့မျက်နှာလှလှကိုကြည့်ရင်း Xiao Zhan ငိုချင်လာသည်။
နံရံအကွယ်လေးက ချောင်းကြည့်ရင်း လက်သီးလေးကို တင်းတင်းဆုပ်ထားမိတယ်။'ကျွန်မပြန်မှာပါ။ ရှင်နှင်စရာမလိုဘူး။ ဒါပေမယ့် ကလေးကိုတော့ Xiao သူဌေး တာဝန်ယူမှဖြစ်မယ်။ ဒါသူ့သွေးသားပဲ'
'နင့်ပါးစပ်ကို ပိတ်စမ်း'
မေမေ့ရဲ့ အကြည့်စူးစူးတို့က ကြောက်စရာ ကောင်းလှသည်။
'နင်ကော နင့်အမဘယ်ယောက်ျားနဲ့နေပြီးရမှန်းမသိတဲ့ အဲ့ဒီကလေးကိုကော ငါမမြင်ချင်ဘူး ငါ့မျက်စိရှေ့ကထွက်သွား'
'ဘယ်ယောက်ျားနဲ့ရလဲဆိုတာ ရှင်အသိဆုံးပဲ'
'ဖြန်း'
'ဟင်'
သူ့ကိုဆို ရိုက်ဖို့မပြောနဲ့ အသံမာမာလေးနဲ့တောင်မပြောတတ်တဲ့ မေမေက အခုလို အခြားအမျိုးသမီးတစ်ယောက်ရဲ့ မျက်နှာကို ရိုက်သတဲ့လား။
'မိန်းမ မင်းရူးနေပြီလား။ ဘာလို့လက်ပါရတာလဲ။ အထူးသဖြင့် ကလေးငယ်ငယ်လေးတစ်ယောက်ရဲ့ရှေ့မှာ'
အခုမှ ကလေးလေးကို သူကြည့်မိသည်။ ဆိုဖာဒေါင့်လေးကပ်ပြီးထိုင်နေတဲ့ ကောင်လေးသေးသေးလေး၊ မျက်ရည်တွေဝဲလို့၊ ကြောက်နေတယ်ထင်တယ်။
ဒါ သူနဲ့ဘာတော်တာလဲ။ မေမေ အရမ်းစိတ်ဆိုးနေတာ ဒီကလေးလေးကြောင့်လား။'ကျွန်မက ရူးနေတယ် ဟုတ်လား။ ရူးနေတာက ရှင်၊ အိမ်ဖော်မနဲ့ရတဲ့ ကလေးကို အိမ်ပေါ်ခေါ်တင်ထားဖို့ စဉ်းစားနေတဲ့ ရှင်ကမှ တကယ်ရူးနေတာ။ ဘာလဲ။ ဒီကလေးကို ကျွန်မတို့သားလေးနဲ့ တစ်တန်းတည်းထားပြီး ကျွေးမွေးဖို့ ကြံနေတာလား'
စကားတွေအများကြီးအော်ပြောလို့အပြီးမှာ မေမေက အားအင်တွေအကုန် ကုန်ခမ်းသွားဟန် ယိုင်ခနဲ လဲကျတာမလို့ ဖေဖေက အပြေးလေးတွဲတယ်။
'မင်းစိတ်ကိုနည်းနည်းလျှော့ပါကွာ၊ အခုခဏနားလိုက်တော့ လာ အခန်းထဲသွားမယ်'
YOU ARE READING
Only Love Can Hurt Like This (Hiatus)
Fanfiction'နာကျင်စေမယ့် လမ်းကို ဆက်မလျှောက်ကြစို့လား' 'နာကျင်စေမယ့် လမ်းကို ဆက်မလျှောက်ကြစို့လား'