unicode
'တောင်းပန်ပါတယ် Sung Joo ရယ် ငါလည်းလိုက်ချင်ပါတယ် အိမ်ကမရဘူးရယ်'
ဘာစကားမှပြန်မပြောပဲ ဖိနပ်နဲ့သာ မြေကြီးကိုထိုးချေနေတဲ့ SungJoo ကြောင့် သူနှုတ်ခမ်းလေးကို ကိုက်ထားမိသည်။
အားတော့လည်းနာဖို့ကောင်းပါသည်။
ဟိုတရက်က ကိုကို့ကို အရွဲ့တိုက်ချင်ဇောနဲ့ သူ့နာမည်ကို အလွဲသုံးစားလုပ်ခဲ့မိတယ်မလား။
SungJoo ကဖြင့် ယောက်ျားလေးတွေကို စိတ်ဝင်စားလားတောင်မသိပဲနဲ့ရယ်...'ငါက မင်းနဲ့ပဲသွားချင်တာလေ ဒါဆိုလည်းမသွားတော့ပါဘူး'
သိသိသာသာကြီးကို မျက်နှာမှိုင်သွားတဲ့ သူငယ်ချင်းလေးကြောင့် ပြာယာခတ်ရပြန်ပါပြီ။
ငယ်ငယ်လေးကတည်းက သူများမျက်နှာရိပ် မျက်နှာကဲကိုကြည့်လို့ ကြီးပြင်းလာသူမလို့ ကိုယ့်ကြောင့်တဖက်သား စိတ်အလိုမကျဖြစ်သွားရင်ကို မနေတတ်တော့တာ။'အဲ့လိုမလုပ်ပါနဲ့ မင်းက ဒီရောက်တုန်းတော့ လည်ထားမှပေါ့ ငါမလိုက်နိုင်လည်း Wenhan ရှိတာပဲလေ နော်၊ ငါ့ထက်တောင်သူကပိုပြီးမင်းကိုရှင်းပြနိုင်ဦးမယ် ငါကဘာမှသိတာမဟုတ်ဖူး'
ကျစ် တစ်ချက်စုတ်သပ်လို့ သူ့ကို မကြည်ကြည့်စိုက်ကြည့်နေပြန်တာကြောင့် သူ့မှာတမျိုးကြံရပြန်သည်။
'ဒါဆို ဒါဆို ငါတို့အတန်းလစ်ပြီးသွားကြမလား'
ပြောထွက်ထွက်လိုက်မိချင်းမှာပင် နောင်တကအပုံလိုက်။
ဘာတွေလျှောက်ပြောနေမိတာပါလိမ့်၀
ကျောင်းပြေး အတန်းလစ် ဒါမျိုးသူတစ်ခါမှ လုပ်ဖူးတာမဟုတ်ဘူး။'မင်း တကယ်ပြောတာလား သွားမယ်လေ သွားမယ် သွားမယ်'
ခုနကပေကပ်ကပ်လုပ်နေတာသူမဟုတ်သလို ခုန်ဆွ ခုန်ဆွ လုပ်နေပြန်တဲ့ ဒီတစ်ယောက်ကြောင့် ခေါင်းကုတ်ရပါပြီ။
'ငါကဒီလိုပဲ အကြံပေးလိုက်တာ မလုပ်ရဲဘူးကွ ပြီးတော့မင်းက exchange student လေ ဒီလိုလစ်လို့အဆင်မပြေဘူးထင်တယ်နော်'
'မင်းတစ်ခါမှကျောင်းမလစ်ဖူးဘူး ဟုတ်လား ဒါဆိုဒီဟာကိုမင်းရဲ့ adventure လို့သဘောထားလိုက်တော့ လုပ်ပါ လုပ်ပါ ငါကလစ်လို့ရတယ် တစ်ရက်ပဲကိုနော် နော်'
YOU ARE READING
Only Love Can Hurt Like This (Hiatus)
Fanfiction'နာကျင်စေမယ့် လမ်းကို ဆက်မလျှောက်ကြစို့လား' 'နာကျင်စေမယ့် လမ်းကို ဆက်မလျှောက်ကြစို့လား'