Let's Stop Here

5.3K 500 73
                                    


Unicode

ပခုံးကနေ ကိုင်လို့ လှုပ်နှိုးနေသည်ကို သိပေမယ့် မျက်လုံးများက မဖွင့်ချင်သေး။

'ခဏလေးပဲ ခဏလေး'

ခန္တာကိုယ်ကိုဟိုလှုပ်ဒီလှုပ်လုပ်လို့ ပုံစံပြောင်းအိပ်မယ်ကြံတော့ ခါးကိုတင်းတင်းကြပ်ကြပ်ဖက်လာတဲ့ လက်တစ်ဖက်။
လက်တစ်ဖက် ?

'Yibo Yibo ထစမ်း'

နားထဲဝင်လာတဲ့ အသံကြောင့် အလန့်တကြားမျက်လုံးများဖွင့်မိတော့ အုပ်မိုးလို့ကြည့်နေတဲ့ မျက်နှာတစ်ခု။

'အန်တီကြီး!'

ပြာပြာသလဲထထိုင်မယ်ပြင်သော်လည်း ဖက်ထားတဲ့လက်တစ်ဖက်က ချုပ်ကြိုးသဖွယ်။

'ကိုကို ကိုကို ထ'

'ဟင် ဘာလဲ အစောကြီးရှိသေးတယ်မလား'

'မနက်စာပြင်ရဦးမယ် အောက်ဆင်းခဲ့တော့'

အလျင်စလိုပြောလို့ အခန်းထဲကထွက်သွားတဲ့ အန်တီကြီးအသံက မဆိုစလောက်လေးအဖျားခတ်နေလေရဲ့။

🌸🌸🌸🌸🌸🌸🌸🌸🌸🌸

'ကော်ဖီနှပ်ထားပြီးပြီ ထမင်းကြော်ဖို့ပြင်တော့'

အောက်ဆင်းလာပြီးကတည်းက သူ့မျက်နှာကို တစ်ချက်လေးတောင်မကြည့်သေး။
အန်တီကြီးက သူ့ကိုဒုက္ခရောက်အောင်လုပ်မှာမဟုတ်ဖူးဆိုတာသိနေပေမယ့် စိုးရိမ်စိတ်ကသေးသေးလေးရှိနေပြန်တယ်။

'အန်တီကြီး ခုနက-'

'လုပ်စရာရှိတာပြီးအောင်လုပ် ပြီးရင်စကားပြောရအောင်'

ခွန်းတုံ့ပြန်စရာမရှိ ပြတ်သားတဲ့ အမိန့်သံကြောင့် ခေါင်းသာတွင်တွင်ငြိမ့်ရင်း ချက်ပြုတ်ရန်ပြင်ဆင်ရတော့သည်။

အေးစက်စက်အပြုအမူတို့က သူ့ရင်ထဲက စိုးရိမ်စိတ်တို့ကို ထပ်ဆင့်တိုးလို့လောင်မြိုက်စေပြန်တယ်။
အန်တီကြီးက သူ့ကိုများမုန်းသွားလေမလား။
ရွံစရာသတ္တဝါတစ်ကောင်ရယ်လို့များ ထင်သွားလေမလား။

အစီအရီထွက်လာတဲ့ 'မလား' ပေါင်းများစွာက ထိန်းထားရက်နဲ့ကို မျက်ရည်ရစ်ဝိုင်းစေသည်။ မိဘသဖွယ်သတ်မှတ်ထားခဲ့တဲ့ တစ်ယောက်သောသူက ရွံမုန်းသွားရင်ဖြင့် သူတော့ဘယ်လိုနေရမလဲ။

Only Love Can Hurt Like This (Hiatus)Where stories live. Discover now