Unicode
'ကားဖြည်းဖြည်းမောင်းနော် ကိုကို'
ပြောပြီး ကားပေါ်က ပြေးဆင်းသွားတဲ့ ကောင်လေးကိုမျက်စိတစ်ဆုံးလိုက်ကြည့်မိသည်။
ကျောင်းဝတ်စုံလေးက ဘောင်းဘီတိုလေးနဲ့မို့ ဒီဝတ်စုံလေးဝတ်ထားရင် လုံးဝကလေးလေးလိုပင်။ဒီကောင်လေး ဒီကောင်လေး။
Wang Yibo ဆိုတဲ့ ဒီကောင်လေးမှာ ရှားရှားပါးပါး ကုသိုလ်ကံလေးကောင်းတာ တစ်ခုရှိမယ်ဆိုရင် အဲ့တာကတော့ ဒီ မျက်နှာမြင်ချစ်ခင်ပါစေ ဆိုတဲ့ ဆုလေးပြည့်နေခဲ့တာပင်။ မေမေတစ်ယောက်ကလွဲလို့ပေါ့လေ။
သူ့မှာအပြည့်အဝမုန်းချင်တာတောင် မမုန်းတီးနိုင်ခဲ့ဘူး။
အိမ်ကိုရောက်ရောက်လာခြင်းမှာတော့ သူသိပ်မုန်းခဲ့တာပေါ့။
မေမေ့ကိိုငိုအောင်လုပ်တဲ့ကလေးလေး သူတို့ရဲ့သာယာတဲ့မိသားစုလေးကို နှောင့်ယှက်တဲ့ကလေးလေးပေါ့။
ဖေဖေ့ရဲ့ အချစ်တွေကို ခွဲပေးခဲ့ရတဲ့အတွက်လည်း သူလုံးဝမကျေနပ်။
ဒါပေမယ့် သူခါးသီးစွာ ဆက်ဆံမိတိုင်း၊ ရင့်သီးစွာပြောဆိုမိတိုင်း မျက်ရည်ဝိုင်းခနဲ ဖြစ်သွားတတ်တဲ့ မျက်နှာလေးကိုမြင်ရတိုင်းအပြစ်မကင်းသလို ခံစားခဲ့ရတာ အခါခါ။*မင်းကို ငါ့ပစ္စည်းတွေကိုမထိနဲ့လို့ပြောထားတယ်လေ ခေါင်းမကောင်းတာလား ဒါမှမဟုတ်မင်းငါ့ပစ္စည်းတွေကိုခိုးချင်နေတာလား*
အိမ်ကိုရောက်ခါစ Wang Yibo လေးကို သူ့အခန်းလေးထဲတွေ့ရချိန်မှာ ပြောမိတဲ့စကားပေါ့။
*မဟုတ်-မဟုတ်ဘူး ကိိုကို အန်တီက ကိုကို့အခန်းကိုရှင်းခိုင်းလိုက်လို့ပါ*
လက်ထဲမှာ အဝတ်စုတ်လေးကိုကိုင်ထားပြီး သူ့ကိုမော့ကြည့်နေခဲ့တဲ့ မျက်နှာလုံးလုံးလေးက မျက်ရည်တွေဝဲလို့။
ထွက်နေတဲ့ဒေါသတွေက ဘယ်ဆီကိုရောက်ကုန်မှန်းမသိ အငွေ့ပျံလို့သွားလေရဲ့။သူမှတ်မိသေးတယ်။ သူဒီကောင်လေးကို အပြီးအပိုင်စိတ်ထဲက ခွင့်လွှတ်ခဲ့တဲ့နေ့လေး။
*Wang Yibo လာစမ်းပါဦး ဒီကို*
မေမေ့ရဲ့အေးစက်စက်အသံကြောင့် လှေကားပေါ်က ပြေးဆင်းလာတဲ့ သူ့ခြေလှမ်းတို့ ရပ်တန့်သွားခဲ့တယ်။
အသာလေးဖော့ဆင်းပြီး ဧည့်ခန်းထဲကို ချောင်းကြည့်လိုက်မိတော့ မေမေ့ဆီကို ခေါင်းလေးငိုက်ပြီးလျှောက်လာနေတဲ့ Wang Yibo။
YOU ARE READING
Only Love Can Hurt Like This (Hiatus)
Fanfic'နာကျင်စေမယ့် လမ်းကို ဆက်မလျှောက်ကြစို့လား' 'နာကျင်စေမယ့် လမ်းကို ဆက်မလျှောက်ကြစို့လား'