Unicode'မမ ပြန်ရောက်ပြီလား'
အိမ်ပေါက်ဝမှာ ဆီးကြိုတဲ့ အိမ်ထိန်းအဒေါ်ကြီးကို လက်ထဲကအထုပ်တွေ လွှဲပေးရင်း ဧည့်ခန်းရဲ့ဆိုဖာပေါ်ကိုထိုင်ချလိုက်မိတယ်။
'အင်း အဒေါ်ကြီး ကျွန်မကို Lemon tea အေးအေးလေး တစ်ခွက်လောက်ဖျော်ပေး'
စိမ့်နေအောင်အေးသော aircon လေရယ်၊ အဒေါ်ကြီးဖျော်လာတဲ့ Lemon tea အေးအေးရယ်နဲ့မတူစွာ မအေးနိုင်သူကတော့ Li ChunHua (ခေါ်) Xiao ကတော် ပါပဲ။
နေ့ခင်းမိတ်ဆွေတွေနဲ့ ထမင်းစားရင်းက သူငယ်ချင်းဖြစ်သူ Feng Shen Mei ရဲ့ စကားတချို့ကို နားထဲပြန်ကြားယောင်လာတယ်။'ChunHua တို့ လုပ်ငန်းက Changde မှာကောရှိလား'
'မရှိပါဘူး ဘာဖြစ်လို့လဲ'
'ဟုတ်လား ပြီးခဲ့တဲ့အပတ်က ဒို့ ChunHua ရဲ့သားလေးကို တွေ့မိလို့လေ Chengde မှာ။ ဒို့မြို့လေးက လည်စရာ ပတ်စရာလည်းသိပ်မရှိတာမလို့ အလုပ်ကိစ္စနဲ့လာတယ်ပဲထင်နေတာ'
Chengde ကို Xiao Zhan က ဘာလို့ သွားရမှာတုန်း...?
'တကယ်လို့ အလုပ်ကိစ္စဘာညာဆို ဒို့ကိုပြောလို့ ပြောမလို့ရယ်၊ ဒို့က နယ်ခံဆိုတော့ အဆက်အသွယ်ပေါတယ်လေ'
'Shen Mei လူမှားနေတာနဲ့တူတယ် ကျန့်ကျန့်က နယ်ဘက်သွားတာမရှိပါဘူး ဒီရက်ပိုင်း'
'မမှားပါဘူး Xiao Zhan လို လူချောလေးကို ဒို့ကမှားပါ့မလား ပြီးခဲ့တဲ့ စနေနေ့ကတွေ့တာ ဪ ဘေးမှာ ဖြူဖြူချောချောကောင်လေးတစ်ယောက်လည်းပါသေးတယ် ညီလေးထင်တယ် ရှင့်သားကိုမေးကြည့်ဦး'
ပြီးခဲ့တဲ့ စနေနေ့?
ဖြူဖြူချောချောကောင်လေး?
Chengde မြို့?Shen Mei သာ လူမမှားဘူးဆိုရင် ဒီကောင်လေးက Wang Yibo များလား။
Chengde ဆိုတာ ဒီကောင်လေးရဲ့ မွေးရပ်ဇာတိမဟုတ်လား။
ပြီးခဲ့တဲ့ စနေနေ့က ကျန့်ကျန့်က Mei Qi နဲ့တူတူရှိနေတာ မဟုတ်ဖူးလား။
အဲ့ဒီနေ့က ကျန့်ကျန့် နဲ့ Mei Qi တမျိုးကြီးတော့ဖြစ်နေတာ၊ အိုးတို့အမ်းတမ်းလိုလို...ရန်ဖြစ်ထားတာနေမယ်လို့တောင် တွေးမိသေး။ဒါပေမယ့် ကျန့်ကျန့်က ဘာလို့ သူ့ကိုလိမ်လို့ ဟိုကောင်လေးကိုလိုက်ပို့ရမှာလဲ။
ကျန့်ကျန့်ဟာ ဒီကောင်လေးဘက်ကနေ တခါတလေ ကာဆီး ကာဆီး လုပ်ချင်ပေမယ့် ဒီလောက်ရင်းနှီတဲ့ ဆက်ဆံရေးမျိုးမှမဟုတ်ပဲ။
ဒါမှမဟုတ် ChunHua မသိပဲ ရင်းနှီးနေတာများလား......။
YOU ARE READING
Only Love Can Hurt Like This (Hiatus)
Fanfiction'နာကျင်စေမယ့် လမ်းကို ဆက်မလျှောက်ကြစို့လား' 'နာကျင်စေမယ့် လမ်းကို ဆက်မလျှောက်ကြစို့လား'