Zawgyi
Wang Yibo :: ချစ်တယ် ကိုယ့် ချစ်သူဖြစ်ပေးနိုင်မလား။
လွန်ခဲ့တဲ့ရက်တွေက မိမိစိတ်တိုင်းကျပြုလုပ်ထားတဲ့ YZ စာလုံးထွင်ထားတဲ့ ငွေရောင် လက်စွပ်လေးကို ချစ်ရသူရှေ့ ဒူးထောက်ပြီး ချစ်ခွင့်ပန်နေသောမိမိရယ်ပါ။ ဒုတိယအကြိမ် ချစ်ခဲ့ခြင်းဆိုပေမယ့် ယုန်သွားလေးနဲ့ ဖြူစင်လွန်းတဲ့ သူ့ကို မြတ်မြတ်နိုးနိုးချစ်ခဲ့ခြင်းပါ။
အခုလဲ ထို ယုန်သွားလေးနဲ့ ကောင်လေးရဲ့ ရှက်ပြုံးလေးက ဖြူစင်လွန်းလှတယ်။
Xiao Zhan :: ချစ်တယ် လက်ခံတယ် Yibo ငါ မင်းကို ချစ်တယ်။
ကျွန်တော်ဟန်မဆောင်နိုင်ပါ ဂျစ်ကန်ကန် ခပ်ချေချေထိုလူသားကလေးကို ကျွန်တော်မြင်မြင်ချင်းချစ်ခဲ့မိတယ်။ကျွန်တော်က xiaozhan ပါ ကျွန်တော့်အဖေက ဟောင်ကောင် Top 10 ဝင် ရှောင် ကုမ္ပဏီ သူဋ္ဌေးတစ်ဦးပါ။ ကျွန်တော့်မေမေကတော့ ကျွန်တော် 5နှစ်သားမှာပဲ ဆုံးသွားခဲ့တယ်။ မေမေဆုံးပြီး အနည်းငယ်ကြာတော့ ဖေဖေနောက်အိမ်ထောင်ပြုခဲ့တယ်။ ကျွန်တော့်မိထွေး huan ဆိုတဲ့အမျိုးသမီး။ ထိုအမျိုးသမီးတွင် ကျွန်တော့်ထက် 7နှစ်ကြီးတော့ သားတစ်ယောက်ရှိသည်။ ကျွန်တော်ထင်ထားတာထက်ပင် ကျွန်တော့်မိထွေးနှင့် ကျွန်တော့်အိမ်သို့ရောက်လာသော အစ်ကိုဆိုသူမှာ ကျွန်တော့်ကို သိပ်ချစ်ခဲ့၍ ကျွန်တော့်ဘဝမှာ ပြီးပြည့်စုံခဲ့သည်။ ကျွန်တော့်အစ်ကိုကတော့ အခုလက်ရှိ နာမည်ကြီး စုံထောက်တစ်ယောက် Xiao Pai Liu ဖြစ်သည်။ ကျွန်တော်ကတော့ အချက်အပြုတ်ဝါသနာပါ၍ စားဖိုမှူးတစ်ယောက်လုပ်လေသည်။ ဖေဖေနဲ့ ကိုကိုကတော့ စီးပွားရေးလုပ်စေချင်ပေမယ့် ကျွန်တော်မလုပ်ချင်ဟုဆိုသဖြင့် အလိုလိုက်ကာ စားဖိုမှူး လုပ်စေသည်။
Wang yibo
ကျွန်တော်ကတော့ wangyibo ပါ ကျွန်တော့်အဖေက wang ဆေးရုံအုပ်ပါ မေမေကတော့ Dancer Queen တစ်ယောက်ပေါ့။ မေမေ့သွေးပါလာတယ်ပြောရမလားပဲ ကျွန်တော် က ရတာကို လွန်စွာ နှစ်သက်သည်။ 10နှစ်သားအရွယ်ကတည်းက မေမေနဲ့မတူ က လာ ခဲ့သည်။ အရွယ်ရောက်လာတော့ ကျွန်တော် အနုပညာရှင် အလုပ် လုပ်ခဲ့သည်။ အနုပညာအလုပ်အပြင် ဝါသနာပါရာ စကိတ်၊ ဆိုင်ကယ် စီးခြင်းများကိုလဲ ပြိုင်ပွဲဝင်ခဲ့သည်။

KAMU SEDANG MEMBACA
ဒဏ်ရာများနဲ့အချစ် [ ဒဏ်ရာများနဲ့အချစ် ]
Fiksi PenggemarZawgyi အချစ်ကို နားလည်ဖို့ကြိုးစားတိုင်း နာကျင်ရတယ် xiao zhan အချစ်ကို အချစ်နဲ့ကုစားခြင်းက မှားယွင်းမှုတစ်ခုလား wang yibo အရာအားလုံးထက် မင်းတစ်ယောက်ပဲ လိုတာပါ Li xiao နာကျင်မယ်မှန်းသိသိနဲ့ ချစ်ခဲ့တာပါ Pai Liu ကျွန်တော်ဘာမှမသိဘ...