Part 2

32.2K 2.9K 86
                                    


" ရှောင်းကျန့်"

နောက်မှလှမ်းခေါ်လိုက်သည့် အသံကြောင့်
လှည့်ကြည်မိသည်။သူ့အနားသို့ လျှောက်လာသည့် အသံပိုင်ရှင်ကား တစ်ခြားသူ မဟုတ်ဘဲ
ရိပေါ်Fan Clubကကောင်မလေး။

သူမကို မြင်လိုက်တာနဲ့တင် ဆံပင်မွေးများ
ထောင်လာသလိုပင်။သူမတို့အဖွဲ့ကရိပေါ်ကို
သူတို့လည်းမထိ။တခြားလူလည်းအထိမခံ
အောင်ကြိုက်ကြကြောင်း ရှောင်းကျန့်ယသိထားသည်။

နောက်ပြီး သူမကခါးပတ်နက်ရထားသည့်
သူကြီး။လက်မောင်းကြီးရှိကြွက်သားများကရှောင်ကျန့်ထက်ပင်ကြီးနေသယောင်။
ဒီပုံစံကြီးနဲ့ရိပေါ်ကို သွားကြိုက်နေသေးတယ်။

"ငါ့ကိုတစ်ခုကူညီပေး "

"ဘာကူညီရမှာလဲဟင်"

"ရိပေါ်မားနဲ့နင့်မားနဲ့ကခင်တယ်ဆိုတော့
ရိပေါ် နဲ့အနေနီးဆုံးက နင်ပဲထင်တယ်။
နင်သိတဲ့အတိုင်းငါတို့ကြောင့်
ရိပေါ်နားကိုစီနီယာအကိုကြီးတွေကလွဲပြီး
ဘယ်သူမှမကပ်ရဲတော့ သူဘယ်သူနဲ့ဘာတြွေဖစ်နေတတ်မလဲငါတို့မသိနိုင်ဘူး။အဲ့တာနဲနဲစုံစမ်းပေး။သူ့နားမှာတခြားလူတွေ့တာနဲ့ငါ့ကိုပြော
နင်လည်းမကပ်နဲ့နော်။နင့်ကိုချောင်းပဲချောင်းခိုင်းတာ။ကံထူးသူကြီးဆိုပြီးအဆင့်တတ်မယ်မကြံနဲ့"

သူ့ဘာသာပြောချင်တာပြောပြီးထွက်သွားသည့်အကြင် ကောင်မကြီးကြောင့် ရှောင်းကျန့်အသက်ပင်မျှင်းပြီးရူနေရသည်။ကံထူးစရာလား။သူနဲ့တစ်အိမ်တည်းနေတာသာသိသွားရင်ဆိုတဲ့အသိက

"ကြောက်စရာကြီး "

ရှောင်းကျန့်ရေရွတ်ကာပုခုံးလေးတွန့်မိသည်။
ရိပေါ်ကို မကြောက်ပေမဲ့သူမကိုတော့ကြောက်သည်။

💛💛💛💛

" အန်တီကြီးထမင်းလာချက်ပေးပြီးပြီလား"

သူတို့နှစ်ယောက်စားဖို့အတွက်ထမင်းလာလာချက်ပေးသည့်အန်တီကြီးကိုမတွေ့၍
ရှောင်းကျန့်ရိပေါ်အား မေးမိသည်။

"အင်း "

ရိပေါ်ထံမှဖြေသံကြားပြီးရှောင်းကျန့်လွယ်အိတ်လေးအားပစ်ချကာမီးဖိုထဲသို့အပြေးဝင်သွားသည်။

Tom And Jerry(Completed )Where stories live. Discover now