"ဘယ်တွေသွားနေလဲမသိဘူး!!!"
ရိပေါ်တစ်ယောက် ဧည့်ခန်းထဲမှာပင်
ခြေမကိုင်မိလက်မကိုင်မိ။ပြောတာလွန်သွားမှန်းသိသော်လည်း
အိမ်ရောက်မှချော့မည်တွေးရင်း
သူ့အနားပြန်လာချင်ရက်နဲ့တောင်
မလာခဲ့ရဘူးလေ။"ကျစ်!ငါ့ကိုအမြဲစိတ်ပူရအောင် လုပ်တယ်!!
မားတို့နဲ့ကို တိုင်ပြောအုံးမယ်"တစ်ယောက်တည်းဆက်စောင့်နေလဲ
မထူးတော့သည်မို့ဆိုင်ကယ်ပြင်ပြီးကျောင်းသို့
ဦးတည်လိုက်စဉ်"Hello!မား..."
ဖုန်းဆက်လာသော မားကြောင့်ရိပေါ်ဆိုင်ကယ်ကိုလမ်းဘေးချရပ်လိုက်သည်။
"သား....ရိပေါ်...သားကျန့်လေးဘယ်မှာလဲ"
အထူးအဆန်းကြီးလာမေးသောမားကြောင့်
ရိပေါ်အံ့သြသွားသည်။"သားလည်းမသိဘူးမား...သူပြန်မလာသေးဘူး!!"
ရိပေါ်စကားဆုံးသည်နှင့်မားထံမှဘအသံက တိတ်ဆိတ်သွားသည်။
နောက်ဖုန်းထဲမှသဲ့သဲ့လေး ကြားလိုက်ရတာက
"ဘာမြှဖစ်မဟုတ်ဘူး သူငယ်ချင်း...
မနက်ဖြန် တို့လိုက်သွားမယ်နော်..."ရှောင်းကျန်မားရဲ့ငိုသံကိုပါကြားနေတာကြောင့်
ရိပေါ် တွေးဆဆဖြစ်သွားရကာ"မားတို့ ဘာဖြစ်လို့လဲ....!"
"သား...ရှောင်းကျန့်လေးကို ရှာခဲ့ပေးအုံး။
ဒီမှာ ရှောင်းကျန့်မားက အိမ်မက်ဆိုးတွေ
မက်နေလို့။....!"မားစကားကြောင့် ရိပေါ်ရယ်ချင်သွားသည်။
အလုပ်ဖိစီးပြီးမက်တဲ့ အိမ်မက်ကို
စိတ်ပူစရာမရှိ ကြံဖန်ပူသည့် လူကြီးတွေ။"ဟုတ်မား....သားသွားရှာလိုက်အုံးမယ်....!"
မားရဲ့ ဖုန်းကျသွားသည်နှင့်ထပ်ဝင်လာသည့်အ၀င်Callက ကျန်းချန်ဆီက။
အရေးကြီးပါတယ်ဆို ဖုန်းတွေချည်းဆက်တိုက်ဝင်နေသဖြင့် ရိပေါ်စိတ်မရှည်တော့။
"ဘာလဲ...မြန်မြန်ပြော!!"
သူ့စကားကြောင့်တစ်ဖက်မှ ကျန်းချန်တိတ်ဆိတ်သွားပြီး
YOU ARE READING
Tom And Jerry(Completed )