Part 14

25.6K 3K 261
                                    

"ဘာစားမလဲ မုံမုံ...."

"ရတယ်။ရိပေါ်စားတာ တို့စားလိုက်မယ်လေ"

"ပြီးရော။အဲ့တာဆို ကိုယ်သွားမှာလိုက်မယ်"

ပြောပြီး စားစရာယူရန်အထမြင်လိုက်ရသည်က
နှုတ်ခမ်းထော်ထော်လေးနှင့်
သူ့အားကြည့်နေသည့်ပေါက်စ။

"နေ့လည်စာလာစားတာလား ရှောင်းကျန့်!"

မကောင်းတတ်၍ နှုတ်ဆက်သည့်ပုံ
လုပ်ပြတော့ မျက်လုံးကြီးလှန်ပြီး
ကြည့်နေသည်ကလွဲ၍
ဘာစကားမှထွက်မလာ။

"မင်းဘာမှာထားလဲ?"

သူ့အားဘာမှမပြောတော့ဘဲ
မျက်နှာလေးကိုဆတ်ခနဲလှည့်သွားသည်။

ဒါသူ့ကိုသ၀န်တိုနေတာလား။
ချစ်ဖို့ကောင်းချက်။

အတွေးနဲ့တင် ရိပေါ်ယားစိစိ စဖြစ်လာသည်။
မျက်နှာပေါ်က အပြုံးကြီးကတော့
ဘယ်လိုဖြစ်နေလဲ မသိတော့။

"ရိပေါ်...မှာပြီးပြီလား?"

မုံမုံရောက်လာ၍ ရိပေါ်ကိုလှမ်းကြည့်သော
ကောင်လေးအကြည့်တို့မှာ စူးခနဲ။

"အင်း!ကိုယ့်ဂျူနီယာလေးနဲ့တွေ့လို့
နှုတ်ဆက်နေတာ။
သူနာမည်က ရှောင်းကျန့်တဲ့။
ရှောင်းကျန့်..သူကမုံမုံတဲ့။
ငါ့ချစ်သူပေါ့....."

ပြောလိုက်ခါမှငိုမဲ့မဲ့ဖြစ်သွားတဲ့မျက်နှာလေး။
ဒီ!ကောင်စုတ်လေး။သူ့ကိုCrushတာ
အဲ့လောက်သိသာစရာလိုလို့လား

"ဟုတ်။တွေ့ရတာဝမ်းသာပါတယ်ကျဲ။
ကျွန်တော်က ရိပေါ်ယောင်္ကျားပါ"

မထင်မှတ်ထားသောစကားကြောင့်
မုံမုံရောရိပေါ်ပါ ပြူးပြဲသွားသည်။

သူ့ကိုကြည့်တော့အောင်နိုင်သူလိုပြုံးပြသည့်
ရှောင်းကျန့်။

ဒီလူပျော်နေတာသာ သူသိရင်
အဲ့လို ပြောနိုင်ပါအုံးမလား။

"သြော်!ဟုတ်လား။ရိပေါ်ကပြောမပြထားဘူး"

မုံမုံစကားကြောင့်ရှောင်းကျန့်မျက်နှာလေး
ရဲသွားသည်။

သူက ရိပေါ် ဒုက္ခရောက်အောင်ပြောလိုက်ပေမဲ့
သူမစကားက လက်မလွှတ်ပေးဘူးဆိုတဲ့
သဘောနှင့်။

Tom And Jerry(Completed )Where stories live. Discover now